* Bonus Chapter *

3.3K 199 10
                                    


' 7 years later '
~~~~~~~~~~~~~~~~

" ခစ်​ ခစ်​ ခစ်​ .. Appa မလုပ်​နဲ့​တော့ သားသား ယားတယ်​ .. ခစ်​ ခစ်​ ခစ်​ .. "

အိမ်​​ရှေ့က​နေ က​လေး​လေးတစ်​​ယောက်​ရဲ့ ချစ်​စရာ အသံ​လေးက ပျံ့လွှင့်​လာခဲ့တယ်​ ... Soo တစ်​​ယောက်​ အ​နောက်​​ဖေးက​နေ ​အေပရွန်​​လေးဝတ်​လျက်​နဲ့ ဧည့်​ခန်းကို ​ပြေးထွက်​လာခဲ့တယ်​ ...

Soo: ကို .. သား​လေးကို အရမ်းမစနဲ့​လေ .. သား​လေးအရယ်​လွန်​ပြီး ဗိုက်​​တွေ ​အောင့်​​နေလိမ့်​မယ်​ ..

Soo မျက်​နှာ​လေးဆူပုပ်​ပုပ်​နဲ့​ပြော​တော့ Kai တစ်​​ယောက်​ က​လေးကို ကလိထိုး​နေရာက​နေ ရပ်​လိုက်​တယ်​ ..

Kai: အင်းပါ .. Soo ရယ်​ ..

ဧည့်​ခန်းက​နေ ငုတ်​တုတ်​​လေး​တွေ ထိုင်​ပြီး လက်​​လေးပိုက်​​နေတဲ့ သားအဖနှစ်​​ယောက်​ကို Soo ကြည့်​ပြီး ရယ်​ချင်​စိတ်​ကို မနည်းထိန်းထားရတယ်​ ..
Soo တို့သား​လေး နာမည်​က Kim TaeOh ပါ .. အသက်​က ခုမှ 2 နှစ်​​ကျော်​​ကျော်​​လေးပဲ ရှိ​သေး​ပေမယ့်​ အရမ်းချစ်​ဖို့​ကောင်းပါတယ်​ ။

က​လေးက ငယ်​လို့​ဆော့တာ ထား​တော့ .. ကို တစ်​​ယောက်​က က​လေးအ​ဖေဖြစ်​​နေပြီ .. ခုချိန်​ထိ က​လေးနဲ့အပြိုင်​ ​ဆော့​နေတုန်း .. Company သွားတဲ့​နေ့​တွေပဲ အိမ်​မှာ နား​အေးတယ်​ .. သူ့အလုပ်​နားရက်​ဆို သားအဖနှစ်​​ယောက်​ ​ဆော့​နေလိုက်​ကြတာ Soo မှာ တစ်​ခါတည်းနဲ့ သားနှစ်​​ယောက်​ထိန်း​နေရသလိုပါပဲ ... ဒီ​နေ့လည်း ကို့ Company နားရက်​မှာ ဟိုလင်​မယား​တွေကို ထမင်း​ဖိတ်​ကျွေးမယ်​ဆိုပြီး Soo တစ်​​ယောက်​အ​နောက်​​ဖေးမှာ အလုပ်​ရှုပ်​​နေတာကို အလိုက်​ကမ်းဆိုး မသိ ... ​မီးဖို​ချောင်​ထဲမှာပါ လာ​ဆော့ကြတဲ့ ဒီသားအဖနှစ်​​ယောက်​ကို Soo ဘယ်​လိုထိန်းရမယ်​မှန်း မသိ​တော့ဘူး ...

သည်းမခံနိုင်​တဲ့အဆုံး Soo အခန်းတံခါးပိတ်​ပြီး အိပ်​ခန်းထဲမှာ ငုတ်​တုတ်​ထိုင်​​နေမှ အဲ့သားအဖ နှစ်​​ယောက်​က ငြိမ်​တာ .. ဟူးးး ​မောပါတယ်​ ..

Soo မီးဖို​ချောင်​ထဲ ပြန်​ဝင်​ပြီး ချက်​စရာရှိတာ​တွေကို ချက်​ပြုတ်​​နေလိုက်​တယ်​ ... Soo အားလုံး ချက်​ပြုတ်​ပြီးသွား​တော့ ဧည့်​ခန်းထဲဝင်​လာပြီး ခဏအ​မော​ဖြေ​နေလိုက်​တယ်​ ... ဒါနဲ့ အိမ်​ကြီးက တိတ်​ဆိတ်​​နေသလိုပဲ ... ဟိုသားအဖနှစ်​​ယောက်​ ဘယ်​​ရောက်​သွားပါလိမ့်​ ?

"Don't Forget Me ... From Your Heart" [ Complete Fic ]Nơi câu chuyện tồn tại. Hãy khám phá bây giờ