မနက်ပိုင်းအတန်းချိန်တစ်ခုလုံး နှစ်ကောင်သားပျောက်ချက်သားကောင်းနေကြသည်။ ကျွန်တော့်ကြောင့်လား သူတို့ဘာသာလစ်တာလား မသဲကွဲဘူးနော်:3 ကျွန်တော်တောင် ဘာမှမပြောရသေး သူတို့ကအဖြစ်သည်းပြသွားတာ။ ပြီးတော့ခုနkrisပြောသွားတာတွေ... ခဏလောက်ကြောင်သွားပေမယ့် သေချာစဉ်းစားလေ မဖြစ်နိုင်မှန်းပိုသိလာလေ။ သူက... ကျွန်တော့်ကို ချစ်တာ...?
တမင်showလုပ်ပြသွားတာနေမှာ Krisမသာကောင် ပေါက်ကရရှစ်ဆယ်တွေလာပြောတာ တွေ့မှ ထိုင်ခိုင်းပြီးနဘန်ကျင်းဦးမှာ :3 ဟုတ်တယ်လေအရပ်မှမမှီတာကိုး ဒင်းကိုပဲထိုင်ခိုင်းရမယ်။
နေ့လည်စာစားချိန်ထိတိုင်ရောက်မလာတော့ ကျွန်တော့်မှာတစ်ယောက်တည်းဖြစ်နေသည်။ ပြန်မလာလည်းနေကြ။ သူတို့တွေ Ommaလက်ရာကြိုက်ကျမှန်းသိလို့ အမြဲပိုထည့်လာတတ်တာ မဟုတ်ဘူးနော် စေတနာရှိလို့မဟုတ်ဘူး Omaက အဲ့ဟာတွေကိုချစ်ပြီး ထည့်ပေးတာနဲ့ မကောင်းတတ်လို့ယူလာပေးရတာ။
သူတို့မရှိတော့ကျွန်တော်လည်း canteenမသွားဖြစ်တော့။ တစ်ယောက်ထဲစားဖို့ပြင်လိုက်သည်။ အကုန်ကျသက်သာတယ် မလာလည်းနေကြ။
စိတ်ထဲကကျိန်ဆဲမပြီးခင် ဒင်းတို့ဝင်လာသည်။ ထွက်သွားတုန်းကအခွက်နဲ့ လားလားမှမဆိုင်><
"Yaah!! စိတ်ပုတ် မင်းတစ်ယောက်ထဲစားမလို့လား"
"အေးလေ အရပ်ပုတာအာ့တေပါတယ်"
တဆိတ်ရှိအရပ်ပဲထိခိုက်နေတာ သူတို့ရှည်တိုင်း
"ကြီးပေါမဖြစ်ရင်ပြီးတာပဲ"
"Yaaaah!!…………"
"ဟားး ဟားး ဟား..."
ကျွန်တော်ပြောတာက ChanYeolကိုဆိုပေမယ့် ပိုထိတာကKrisဖြစ်နေသည်။ မသိရင်များ ရုပ်တည်ကြီးနဲ့ပုံစံကသေလောက်သည်။ ပေါင်းကြည့်မှငပေါအစားပုတ်ဝက်စုတ်ဖြစ်နေတာ:3
ဒေါသတကြီးပြန်အော်တာကိုကြည့်ပြီး အသံထွက်ရယ်လိုက်မိသည်။ ဘာမှမဟုတ်ဘူး။ လူရှိန်အောင်အသံပြဲကြောင်းကြွားနေတာ တကယ်ကအဲ့လောက်ဒေါသထွက်တာလည်း မဟုတ်ဘူးရယ်...
"Yaaaah!!……"
ဒီတစ်ခါတော့ ကျွန်တော့်အသံပင်။ ကျွန်တော်အူတက်နေတုန်းမှာ အငတ်နှစ်ကောင်က အလုယက်အမဲဖျက်နေကြသလို စားသောက်နေသည်။
YOU ARE READING
ကျွန်တော်နှင့်ဂလန်ဂလားနှစ်ကောင်
FanfictionDoris×Chansoo×KrisYeol Boy×Boy(Threesome)