အခုတလောရဲ့ပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်လာသလို ကျွန်တော့်ဒေါသတွေကလည်း ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲရမယ့်အချိန်ကိုစောင့်နေရရှာတာ .. ဟုတ်တယ်လေ ပေါက်ကွဲမယ်ဆိုလည်း ပေါက်ကွဲစရာလူရှိမှပေါ့ အခုဟာက ဒင်းတို့ကိုလေ တွေးမိတိုင်းနုပ်နုပ်စဉ်းပစ်ချင်တာ ပြီးတော့မှ ကြော်စား စား အဲလေ စားစရာလား. ဒင်းတို့ဆိုတာ မစားကောင်းတဲ့အသီးလိုပဲ. ဒါပေမယ့်လည်းဗျာ စကားပုံလည်းရှိသေးတယ်လေ. စားရမှာလည်း အဆီတဝင်းဝင်း ပစ်ရမှာလည်းသဲတရှပ်ရှပ်ဆိုလား မသိပါဘူး စကားပုံတွေဆိုတာသိပ်များလွန်းတာ ဦးနှောက်ကလည်း ခပ်သေးသေးရယ် အာ့လောက်အများကြီးဆိုတော့ကာ တော်ကြာ ဦးနှောက်နဲ့မဆန့်ဘဲ ခေါင်းကြီးပေါက်ကွဲထွက်သွားရင် ဒုက္ခ, လောလောဆယ်တော့ ဟိုသီချင်းထဲကလိုပေါ့ဗျာ ဘာတဲ့ #ရှာပုံတော်မင်းသားကြီး အခန်းတိုင်းတကာ ရောက်ခဲ့ပြီ ဘယ်အရပ်သူခွေနေမှန်းလည်းမသိတော့ ခက်လှသည်# ဆိုသလိုပါပဲဗျာ ဒင်းတို့ကဘယ်အရပ်မှာတိုးဝှေ့နေသလဲမှ မသိပဲဗျာ သြော် မရှိမကောင်းရှိမကောင်းဆိုတာဒင်းတို့ကို ပြောတာ . ခုလည်းအခန်းထဲကို မရောက်နိုင်သေးဘူး ပါးစပ်ကသာ သောက်မြင်ကတ်လှပါချည်ရဲ့ပြောနေတာ လက်တွေ့ကျတော့မဟုတ်ပြန်ဘူး ဟီး ဒင်းတို့ကမစားကောင်းတဲ့အသီးဆို ကျွန်တော်ပဲအစားခံလိုက်ပါ့မယ်လေ ခွီးး
သည်လိုနဲ့ပွစိပွစိပြောရင်းလျှောက်လာလိုက်တာ ကျောင်းကြိုကျောင်းကြားတောင်ရောက်လို့ ဟုတ်တယ်လေ သေချာတောင်မကြည့်ဘဲ လျှောက်လာတာကိုး
ဒါနဲ့လေ ကျောင်းဆောင်ဟောင်းရဲ့လှေကားနားရောက်တော့ အသံတွေကြားရတယ်ဗျ ဟီး အာ့နဲ့ပဲ ခြေသံဖွဖွနင်းပြီး ခိုးကြည့်လိုက်တာပေါ့ ယောကျာ်းလေးဆိုတာလည်း ဒါမျိုးကျစပ်စပ်စုစုကို ချောင်းချင်သားဗျ
မြင်လိုက်ရတဲ့မြင်ကွင်းက ကျွန်တော့်မျက်ခုံးတွေကို ပိုမိုမြင့်တက်လို့ မျက်လုံးတွေကိုပိုပြူးစေခဲ့တယ်
ပြီးတော့...
ကျွန်တော်မျက်ရည်တွေကြားက ပြေးထွက်လာမိတယ် အိမ်မက်တစ်ခုပဲလို့တွေးချင်ပေမယ့် လက်တွေ့ကြီး မဖြစ်နိုင်တာ ဘယ်လိုမှမဖြစ်နိုင်တာ တစ်ခုက, တကယ်တော့ မဖြစ်နိုင်ဘူးဆိုတာထက်ကို ကျွန်တော့်စိတ်က လက်မခံနိုင်တာ သူ-သူတို့ Krisနဲ့ ChanYeolနဲ့,
YOU ARE READING
ကျွန်တော်နှင့်ဂလန်ဂလားနှစ်ကောင်
FanfictionDoris×Chansoo×KrisYeol Boy×Boy(Threesome)