11

4.1K 431 24
                                    

အိပ်ယာကနိုးတော့ ကျွန်တော့်ဘေးမှာဘယ်သူမှမရှိ

ဘယ်ရောက်သွားကြပါလိမ့်

ပြန်သွားကြတာလဲမဖြစ်နိုင်ပြန်

ကျွန်တော်အိပ်မှုံစုံမွှားနှင့်ထရင်း
နာရီကြည့်မိတော့ ညရှစ်နာရီ

အင်းလေ

အချိန်ကသည်လောက်တောင်ဖြစ်နေတာ
ပြန်ရင်လည်းပြန်ကြမပေါ့

ကျွန်တော့်ဗိုက်ကလည်းအချက်ပြပြီမို့
စိတ်လန်းသွားအောင်မျက်နှာသစ်ပြီး
မီးဖိုချောင်ဆီထွက်လာခဲ့သည်

စားရင်းတောင်ဆဲမိသေးတာ

"မသာကောင်တွေ ပြန်ရင်လည်းပြန်မယ် မပြောသွားဘူး ဘောလုံးလိုဖဲ "

ဒင်းတို့အကြောင်းတွေးရတာလေ
အစားသောက်တောင်အရသာပျက်တယ်
ပေါ့သလိုလိုငန်သလိုလို
ဘာအရသာမှန်းကိုမသိတာ

"ဟာနိုးနေပြီလား"

မမှားနိုင်တဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့
အထုပ်ပိုးတွေနဲ့မီးဖိုထဲဝင်လာတဲ့နှစ်ယောက်

ပြန်သွားကြတာမဟုတ်ဘူးလား
လက်ထဲကစားစရာတွေထင်တယ်

CY"ကောင်းလားငါတို့ချက်ထားတာ"

"ဖြီ..."

ပါးစပ်ထဲကဆန်ပြုတ်တောင်
အပြင်ကိုခုန်ထွက်တယ်

ငါတို့ချက်တာတဲ့
အမလေးအာ့ကြောင့်အရသာက
ဘာမှန်းမသိဖြစ်နေတာကို
ခံတွင်းပျက်တယ်လို့တောင်ထင်မိသေးတာ

K"ရော့ ရော့"

အလိုက်သိရှာတဲ့Krisက
ရေတစ်ခွက်ယူရင်းလာတိုက်လေရဲ့
မောင်ခွစ်မဆိုးပု
ပြန်ရင်ဘောက်ဆူးပေးမယ် ဂိုး ခိခိ

ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်သား
ရေသောက်ရင်းရယ်လိုက်တာမို့
ရေမသီးအောင်သတိထားရသေး :3

"ဒါနဲ့ မင်းတို့ကဘယ်ကပြန်လာတာလဲ"

CY"မင်းနေမကောင်းဘူးမလားချက်ကျွေးမလို့"

"ဟမ် မကျွေးနဲ့ မကျွေးနဲ့"

တားနိုင်မှတော်ကာကျရော့မယ်
သေရင်သေပါစေ
ဒင်းတို့လက်ရာတော့မစားပါရစေနဲ့

ကျွန်တော်နှင့်ဂလန်ဂလားနှစ်ကောင်Where stories live. Discover now