<5>

4.3K 434 7
                                    

အောက်ဆင်းလာတော့လည်းလုပ်စရာမရှိ ကိုယ့်ခေါင်းကိုထုရင်းဆင်းလာတာ မလုပ်ပေးဘူးတွေးထားပြီး လူကရေဘူးထုတ်ပြီးနေပြီ xD

အခန်းထဲပြန်ဝင်လာတော့တံခါးဖွင့်မယ်ရှိသေး ဒင်းတို့ကနိုးနေပြီမို့ တံခါးအဖွင့်နဲ့လန့်သွားရသေးသည် ဒီနေ့လန့်စရာတော်တော်များနေတာပဲ ခုနကတောင် Krisရဲ့မိုးလင်းလင်းချင်းသရဲရုပ်ကြောင့် လန့်သွားတာ ဟုတ်တယ်နော် လန့်တာ :3

"KyungSoo ဗိုက်ဆာတယ်"

ဗိုက်ကိုပွတ်ပြီးပြောနေတဲ့ ChanYeol သေချာကြည့်မှ ဗိုက်လေးကလဲပူလို့ ခိခိ ခုနကပဲ Krisနဲ့ဖက်အိပ်နေတယ် ခုဗိုက်ကထွက်လို့ LoL

"Krisကော.?"

ထွက်လာတာ ChanYeolတစ်ယောက်ထဲရယ်... မေးတာကိုမဖြေဘဲ ပုခုံးနှစ်ဖက်ကိုကိုင်ပြီး ခါးကိုင်းလိုက်တော့ မျက်နှာနှစ်ခုကနီးကပ်လို့

"သိချင်တယ်ပေါ့.."

မျက်လုံးကိုကြည့်ပြီး ရယ်ချင်ပက်ကျိမျက်ဝန်းမျိုးနဲ့ ကျွန်တော့်အဖြေကိုစောင့်နေတဲ့ သူ့အညိုရောင်မျက်လုံးဝိုင်းဝိုင်းတွေက တဖျပ်ဖျပ်နဲ့သိပ်လှနေသလို အနည်းငယ်ပွရှုပ်နေတဲ့ဆံပင်နဲ့ ကားနေတဲ့သူ့နားလေးတွေ ပြီးတော့ ခပ်ဟဟရယ်နေတဲ့သူ့ပုံစံ ချစ်ဖို့ကောင်းလွန်းနေတာလား

*အာာာားးးးး*

ရင်ထဲကအသံတိတ်အော်ဟစ်အပြီး လက်ထဲကရေဘူးကတော့ ဒင်းနောက်စိနဲ့ မိတ်ဆက်သွားလေတော့သည် :3

ခက်ပြီ ခက်ပြီ သူ့ကိုရေဘူးနဲ့ထုလိုက်တော့ အားခနဲအော်ပြီး ပုခုံးပေါ်တင်ထားတဲ့လက်တွေကို ဆွဲယူလိုက်တော့ လူကပါသူ့ရင်ဘတ်နဲ့ကပ်လျက်သား

"ဒီလိုရမလား Do KyungSoo"

လူကပြန်မတ်ပြီး အတင်းဖက်ကာပြောပေမယ့် ကျွန်တော့်အာရုံတွေက သူ့ရင်ဘတ်ဆီမှာ နားကြားပဲမှားတာလား ဒါမှမဟုတ် သူရောလန့်နေလို့ပဲလား သူ့ရင်ခုန်သံအကျယ်ကြီးကို ကျွန်တော်ကြားနေရတယ်...

"Yaaaah !!! လွှတ် လွှတ်"

ဖက်ပြီးခါးကနေမ,ချီလိုက်တာ လူကလန့်ပြီးသူ့ခါးကို ပြန်ခွလျက်သား ကျောကုန်းကိုလည်းတဘုန်းဘုန်းထုရိုက်ရင်းပေါ့ ဒါပေမယ့်ပျော်နေသလိုခံစားရတယ် ရင်ထဲမှာပန်းတွေပွင့်တယ်ဆိုတာ ဒီလိုခံစားချက်လားဟီးး

ကျွန်တော်နှင့်ဂလန်ဂလားနှစ်ကောင်Where stories live. Discover now