<6>

4.3K 439 13
                                    

မျက်နှာပူပူရှက်ရှက်နှင့် အောက်သို့ဆင်းလာရင်း ငနဲသားနှစ်ကောင်စားဖို့လုပ်ပေးရတော့သည်။ ဘာကောင်တွေမှန်းကိုမသိ။ လူကိုရူးအောင်လာလုပ်နေကြတာ။ သေချာတယ် ဒါဟာအကွက်ချကြိုတင်လုပ်ကြံမှုတစ်ခု။ သူတို့ရဲ့ပေါက်တတ်ကရစကားကို ကြားပြီးထဲကိုက လူကသည်လိုဖြစ်လာတာ။ ဒီလိုအကျင့်မကောင်းတဲ့ အကြံစည်တစ်ခုမှာ ကျရှူံးလို့မဖြစ်ဘူး။ KyungSoo Ya~~ Fighting !! (ခွီးးး)

ခဏကြာတော့ဆင်းလာကြသည်။ Krisကတော့ ရေချိုးအဝတ်စားလဲလို့ ကြိုယူလာပုံရသည်။ ဟိုညစ်ပတ်ပေတလူး အစုတ်ပလုတ် ChanYeolကတော့ မနေ့ကကျောင်းဝတ်စုံနဲ့သာ :3

"မပြန်သေးဘူးလား မင်းတို့တွေ"

ကျွန်တော်လည်း မမြင်ချင်သောမျက်နှာကို မမြင်ရဖို့အရေးတို့အရေးဟု ကြွေးမကြော်မိပေမယ့်လို့ အားမနာစွာပဲ နှင်ထုတ်သောစကားကိုပြောလိုက်လေသည်။ ဒါတောင်မျက်နှာပြောင် (ပြောင်ဆိုလည်းဘာမှမလိမ်းပဲကိုး XD) အရှက်မရှိလေးတွေက သူတို့နှင့်မဆိုင်သည့်အလား အစားသောက်ကနည်းနည်းလေးမှကိုမပြတ် (ဇူစကာပုဏ္ဏားမယားငယ်ရဲ့လင်ပါသားရဲ့အကိုရဲ့ မယားငယ်ရဲ့လင်ပါသားလားမှတ်ရ :3)

"ငါ့အမေကနိုင်ငံခြားသွားတယ် အာ့ကြောင့်မင်းနဲ့လာနေတာကို"

စားလို့သောက်လို့ပြီးကာမှ မျက်နှာကိုမကျည်းရွက်လောက်ဖြစ်အောင်ပြောနေတာများ ဝက်မျက်နာကိုမှအားမနာတတ်ပုံများ

"ChanYeolကရော"

"သူ့ကိုစိတ်မချလို့လေ"

အမလေးဟဲ့ စိတ်မချရအောင် သည်ရုပ်သည်ခန္ဓာကိုယ်ကိုများ ကျားကိုးစီးစားမကုန်ဆိုလား ဘာလား မသိတဲ့သူတွေဆို ဒီဘဲကြီးကလန်းချက်တို့ Cool Guyတို့ Ice Princeတို့ စတိုင်အလန်းကျိ ရှိန်လောက်တယ်တို့ဘာတို့ပေါ့လေ အလကားထင်နေတာတေ ပေါတာမှသူ့ထက်ပေါတာမရှိ တစ်ရာဖိုးသုံးခုကမှ သူ့ ထက်သာသေး :3 (NiNiတျောက်ရဲ့အချစ်တေဘာ :3) ပြီးရင်လည်းလူတကာနဲ့ တည့်အောင်ပေါင်းတတ်သေး စိတ်မချရင် စိတ်မချတဲ့လူက သောက်ရူး (ဆိုလိုတာက Park ChanYeolဆိုတဲ့ငနဲကလည်း အရူးပေါ့ဗျာ :3)

"စိတ်မချမင်းအိမ်ခေါ်ထားပါလား"

"ခေါ်ထားမှာ မင်းကို ငါ့အိမ်မဟုတ်ဘူး Krisအိမ်လေ "

ကျွန်တော်နှင့်ဂလန်ဂလားနှစ်ကောင်Where stories live. Discover now