PROLOGUE

19.6K 1.1K 32
                                    

LOVE-HATE RELATIONSHIP

ပူပြင်းသည့်နေရောင်ဒဏ်ကိုမခံနိုင်စွာပင်သစ်ရွက်များသည်ပင်ယံထက် ဆီမှ တစ်ရွက်ပြီးတစ်ရွက် အရိုင်းဆန်စွာ ကြွေကျနေလေ သည်။ အေးစိမ့်ညင်သာမှုမရှိသည့် နွေလေရူးများသည် ခြားနားလှ သည့် အကွာအဝေးဖြင့် မျက်နှာချင်းဆိုင်ရပ်နေကြသော ထိုသူ နှစ်ဦးကြား အညာတာမဲ့စွာ ခလောက်ဆန်ဝင်တိုက်ခတ်ပြီးမသိ ကျေးကျွန် ပြုလျက် ထွက်သွားပြန်သည်။

နှစ်ဦးသားစကားမဆိုမိကြ။ယုတ်စွအဆုံးမျက်လုံးချင်းတောင် မဆုံ မိခဲ့ကြ။သူတို့နှစ်ဦးဟာသိပ်ချစ်ခဲ့ကြသည့်ချစ်သူတွေပါလို့သက်သေ ပြုဖို့ တောင် ပစ္စုပ္ပန်အခြေအနေသည် ခက်ခဲ လွန်းနေပါသည်

တယောက်နှင့်တယောက်မျက်နှာလွှဲကာနေရင်းမှသက်ပြင်းတစ်ချက် ကို စိတ်ပျက်လက်ပျက်ချ လိုက်သောOh Sehunကြောင့် Luhan မျက်မှောင်ကျုံ့လိုက်မိသည်။စိတ်ရှုပ်နေသော ဟန်သည် Sehun မျက်နှာပေါ်မှာအထင်းသားပေါ်နေလေသည်။

"ထပ်စဉ်းစားဖို့ စိတ်ကူးလုံးဝမရှိတော့ဘူးလား Luhan"

နည်းနည်းလောက်စဉ်းစားပါဦးလို့တောင်းဆိုဖို့ကOh Sehun အတွက် ခက်ခဲလွန်းနေသည်ဆိုတာကို Luhan ကသေချာပေါက် သိနေပြန်သည်။ တောင်းဆိုခယမှူဆိုတာ Oh Sehunဆီမှာ မည်သည့် အခါမှာမှ ရှိနေခဲ့သည်မဟုတ်။ အကောင်း မမြင်နိုင် တော့သည့်အတွေးများနှင့်အတူ Luhan မဲ့ပြုံး တစ်ချက် ပြုံး လိုက်မိသည်။

Luhan၏ မျက်နှာချိုချိုနှင့် ထိုမဲ့ပြုံးသည်
မလိုက်ဖက်သော်ငြားလဲ အရွဲ့တိုက်ပြီး ဖောဖော သီသီပြုံးပြတတ်လွန်းသည်ကို မြင်ရဖန်များ လာသည့်အခါ Sehun အတွက် အသားကျနေခဲ့ပြီဖြစ်သည်။ Luhan မျက်ဝန်းရိပ်တွေထဲမှ မာကျောမှုအရိပ်အယောင်များအား မြင်ရ ပြန်သည့်နောက် Sehunစိတ်တွေ ညစ်ညူးသွားပြန်သည်။

ဒီအတိုင်းဆိုသူတို့ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဟု Sehun ထင်ပါသည်။

"ကို မေးနေတယ်လေ Luhan"

"ငါ ဆုံးဖြတ်ပြီးပြီ Sehun ဆက်စဉ်းစားဖို့ထပ်စဉ်းစားဖို့ မလိုဘူး "

မာဆတ်နေသည့်လေသံနှင့်အမှီ မလျှော့သောတင်းမာမှုမှလိုက်ပါလာသည့်နောက် သူတို့ကြားမှာ ညှိနှိုင်းစရာလို ရော လိုပါသေးရဲ့လားဟု သံသယဖြစ်လာရသည်။

Love - Hate Relationship [EDITED VERSION]Where stories live. Discover now