အပိုင်းနှစ်

8.5K 805 30
                                    

ဟင့်အင်း ပေးဆပ်ဖို့ရာ ငါချစ်ခဲ့တာ

မဟုတ်ဘူး!!!! ပိုင်ဆိုင်ဖို့ရာ ငါ့အချစ်တွေကို

မင်းအတွက် ပုံပေးခဲ့တာ

...........................................

"ကို့ ကို လက်ထပ်ရမယ် Luhan"

Coffee ကြွေခွက်ကို ကောက်ကိုင်ဖို့ လုပ်နေသည့် Luhan၏ လက် များမှာ ၅စက္ကန့်မျှရပ်တန့်သွားသည်ကို Sehunသတိထားမိလိုက် သည်။

လှောင်သလိုအကြည့်များနှင့် အင်မတန်ခါးသီး လွန်းသည့် Coffee ကိုအပြုံးတစ်ချက်နှင့်သောက်သည်ဆိုတည်းကသူ့အတွက်အဖြေဟာဘာဖြစ်နေမှန်းSehunရိပ်မိသိရှိပါသည်။

မရိုးနိုင်သည့် ငြင်းဆန်ခြင်းပင်ဖြစ်ပြီး

"ငါ လက်မထပ်ချင်ဘူး Sehun"

ဖန်တရာတေနေသည့် ဆင်ခြေပင်ကြားရသည်။

"မင်း အသိုင်းအဝိုင်းကငါ့ကိုလက်မခံဘူးမလား?"

Sehun က ခနဲ့တဲ့တဲ့ပြုံးလျက်ကြည့်သည်။ရိုးအီနေသည့် ဆင်ခြေ နှင့် ငြင်းဆန်မှုများအတွက် သူ့မှာ သည်းသည်းခံနိုင်စွမ်းရယ် မရှိ တော့။

"ဟက် ......အမှန်အတိုင်းပြောလိုက်စမ်းပါလား Luhan!!! မင်းငါ့ဆီကိုမလာချင်တာမလား? အောင်မြင်ကျော်ကြားတဲ့ Photographer Luhanဆိုတဲ့နာမည်ကို စွန့်ပြီး Oh Sehunရဲ့အရိပ် အောက်ကို မလာရဲတာမလား"

ဝန်ခံလိုက်ပါ Luhan!!! အောင်မြင်မှုကိုမင်း တပ်မက်တယ်မလား

ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည့် လက်ထပ်ခွင့်ကို ငြင်းဆန် စကား ကြားခဲ့ရသည်မှာအခေါက်ပေါင်းမနည်းတော့ပါ။ Sehun တောင်းဆို မိတာများလို့လား???လက်ရှိအလုပ်အကိုင်ကိုစွန့်လွှတ်ပြီးသူနဲ့အတူ နေဖို့သာဖြစ်သည်။ရှုပ်ထွေးလွန်းသည့် Luhanကျင်လည်ရာ အနုပညာလောကကို သူမနှစ်မြို့ပါ။ဆေးဆိုးပန်းရိုက်မျက်နှာနှင့် Luhanအနားဝိုင်းဝိုင်းလည်နေသည့်မိန်းမပျိုတွေကိုသူမုန်းတီးမိပါသည်။

ကလေးဆန်သည်လား????

သဝန်တိုသည်လားး????

မဟုတ်ပါ။ သူပိုင်သည့်လူကို တခြားသူဖြတ်လုသွားမှာ မခံနိုင်လွန်း လို့ပါ။သူ့အချစ်ကိုအဆုံးရှုံးမခံနိုင်လို့ပါ။ဒါကသဝန်တိုပါသည်ဆိုသော စိတ်ခံစားချက်ထက်အများကြီးပြင်းထန်နက်ရှိုင်းပါသည်။

Love - Hate Relationship [EDITED VERSION]Où les histoires vivent. Découvrez maintenant