အပိုင်းတစ်

12K 979 48
                                    

ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ ငါ့ဘဝကို

လွှမ်းမိုးဖို့တော့ မစဉ်းစားနဲ့

ဘယ်တော့မှ......အောင်မြင်မှာမဟုတ်ဘူး

...........................................

"LuHan......"

တင်းမာအေးစက်နေသည့်လေသံကြောင့် Luhan လက်များသည် ‌သူ့ရှေ့မှ Model၏မျက်နှာတဝိုက်တွင် လှုပ်ရှားနေရာမှ ရပ်တန့် သွားသည်။ အပြုံးမမည်သော အပြုံးတစ်ချက်ကို အလျင်စလိုပင် အသက်မဲ့စွာ တည်ဆောက်ရင်း

"JiHyo ssi ခဏနားပြီးမှ ဆက်ရိုက်ကြတာပေါ့။ကိုယ် အလုပ်ကိစ္စ ပြောစရာရှိလို့"

"ရတယ်လေ Luhan ssi အဆင်ပြေသလိုလုပ်ပါ"

တောက်ပစွာပြုံးပြရင်းမှ ထိူကောင်မလေးထွက်သွားသည့်နောက် Luhan လက်ထဲမှကင်မရာကို စားပွဲပေါ်တင်လိုက်ရင်း Studio အဝင်ဝမှာမတ်တပ်ရပ်နေသည့်Sehunဆီအကြည့်ပို့လိုက်သည်။

အမြဲလို အလိုမကျသည့် အကြည့်တွေ ၊ ခက်ထန်သည့် အကြည့် တွေ ၊ တဖြည်းဖြည်းနဲ့ Luhan မုန်းချင်လာသည့် အကြည့်တွေ ကို အလျင်တွေ့လိုက်ရသည်။

"မင်း ဘာအချိုးချိုးတာလဲ Luhan"

"ဘာကိုဆိုလိုချင်တာလဲ Sehun"

"Coffeeဆိုင်မှာ ငါတစ်ယောက်တည်း ၂နာရီတိတိကြာအောင် မင်း ကိုထိုင်စောင့်နေရတယ်။ဒါပေမဲ့ မင်းရောက်မလာဘူး။ Studio မှာ Modelနဲ့အကြည်ဆိုက်နေတယ်။မင်း င့ါကို နည်းနည်းလေးမှ ထပ် မတွက်ထားပါလား "

ဖြေရှင်းခွင့်၊တောင်းပန်ခွင့်နည်းနည်းလေးတောင်မပေးပဲသူ၏ စိတ် အလိုတိုင်း စွပ်စွဲပြောဆိုနေသည့် Sehun ကို Luhan မှင်သေသေ ဖြင့်သာစိုက်ကြည့်နေမိသည်။အနည်းဆုံးတော့ ဖုန်းဖြင့် အဆက် အသွယ် မလုပ်လာနိုင်သည့်ကိစ္စတစ်ခုမှာ Luhan ဘာများဖြစ် နေသလဲလို့တွေးပြီး စိတ်ပူပေးသင့်တယ် မဟုတ်ဘူးလား?

Luhanသဘောမကျတာ၊Luhanမကြိုက်တာအဲ့ဒီအပြောအဆိုအပြု အမူတွေကိုပါပဲ။အမြဲတမ်းသူမှန်တယ်။သူတရားတယ်။သူ့အလို အတိုင်းပဲဖြစ်ရမယ်။

ကြုံရသည့်အကြိမ်ပေါင်းစိတ်လာခဲ့သည့်နောက်မှာတော့ Luhan လဲ ထုံအနေခဲ့ရပြီ။ သူမကြိုက်ပါဘူးဟု ပြောလေ့ရှိသည့် မဲ့ပြုံး တစ်ခုကိုပင် လုပ်ယူပြုံးလိုက်ပါရင်း

Love - Hate Relationship [EDITED VERSION]Where stories live. Discover now