အပိုင်းခြောက်

5.8K 711 46
                                    


ချစ်တတ်ပေမဲ့ အချစ်ကိုမကိုးကွယ်တတ်တော့ .........

...........................................

အားလပ်ရက်တွေဆို စာအုပ်တစ်အုပ်နဲ့တနေကုန်အိမ်ထဲမှာ အချိန် ဖြုန်း တတ်တာ Luhanအကျင့်ပေမဲ့အဲ့အကျင့်က ပျောက်ပျက်သွား တာကြာခဲ့ပြီ။

စနေတနင်္ဂနွေတိုင်းအိမ်ကိုရောက်ရောက်လာတတ်ပြီးအနားမှမခွာတမ်းနေတတ်သည့် သူတစ်ယောက်ကြောင့်ပင်။

Luhan စိတ်မသက်မသာတစ်ချက်ပြုံးလိုက်ပြီး ကိုင်ထားမိသည့် စာအုပ် ကို စာအုပ်စင်ပေါ်ပြန်တင်လိုက်သည်။

နံဘေးမှာရှိနေတတ်တဲ့ ကိုယ်သင်းနံ့ကမှ သူ့အကျင့်ဖြစ်သွားပြီ ထင်သည်။စာအုပ်စင်မှာတင်ထားသည့် ဓာတ်ပုံတချို့ကလဲLuhan အဖြစ်ကိုလှောင်ပြောင်နေလေသလိုရှိသည်။ဓာတ်ပုံထဲမှစိတ်လွတ် ကိုယ်လွတ်ပြုံးနေသည့်Sehunပုံစံက ခုတော့ Luhan ကိုမေးခွန်း ထုတ်နေသယောင်ရှိသည်။ ကို မရှိဘဲ မင်းနေနိုင်လို့လား???တဲ့

"ငါ ကြိုးစားနေတယ် Sehun"

ဓာတ်ပုံများကိုမကြည့်လိုတော့သဖြင့် မှောက်ချ ပစ်လိုက်ပြီး ဧည့်ခန်း သို့ ထွက်လာလိုက်သည်။ နံရံရှိတိုင်ကပ်နာရီမှညွှန်ပြနေ သည် မှာ မနက် 10ခွဲဖြစ်ပါသည်။ ဧည့်ခန်းထဲရောက်ပြန်တော့လဲ အငွေ့အသက်တွေက မကင်းလွတ်ခဲ့။Luhan ဆိုဖာပေါ် ခြေပစ် လက်ပစ်ထိုင်ချပြီး မျက်လုံး
တို့ကိုမှိတ်ထားသည်။

ယခုတချပ်ချပ်သွားနေသည့်နာရီရပ်သွားစဉ်ကအသစ်မဝယ်နဲ့ဟုဆိုကာအတင်းဝင်ရောက်ပြုပြင်ပေးခဲ့သူက Oh Sehunဖြစ်သည်။

ယခု ဖိနပ်တရံချင်းစီသေသေသပ်သပ်တင်ထားသည့် ဖိနပ်စင် ကို ပရိဘောဂ ဆိုင်မှာကိုယ်တိုင်သွားရောက်လုပ်ပေးခဲ့သူက Oh Sehun ဖြစ်သည်။

ယခုအိမ်တွင်ကပ်ထားသည့်နံရံကပ်စက္ကူတွေ ကို အချိန်ပေးအလှဆင်ပေးထားသူကလဲOh Sehunပင်ဖြစ်သည်။

ယခုထက်ထိလဲ ကြမ်းပြင်ပေါ်တွင် Oh Sehun ကိုယ်တိုင်ခွဲထားခဲ့ သည့် ကြွေပန်းအိုးအစအနတွေကိုLuhanမရှင်းဘဲ ထားထားသည်။ Oh Sehun ကိုယ်တိုင်လာရှင်းဖို့ဖြစ်သည်။

Love - Hate Relationship [EDITED VERSION]Donde viven las historias. Descúbrelo ahora