အပိုင်းကိုး

5.9K 612 20
                                    

ရူးမိုက်စွာနဲ့ပဲ အမှားဘက်ကို ခြေတလှမ်းစခဲ့မိပြန်တယ် အဆုံးသတ် ကနာကျင်ခြင်းဆိုတာသိလျက်နဲ့တောင်လေ

...........................................

"ဟုတ်ပြီ......ကောင်းတယ် Nice pose နောက်ကရှုခင်းကို မကွယ် စေ နဲ့"

တခုခုထဲ စိတ်နှစ်ထားသည့်အခါ အချိန်ကကုန်မှန်းမသိ ကုန် လာခဲ့သည်။အဝေးပြေးကားလမ်းမဘေးတွင် Shooting တည် ထားသဖြင့် တချက်ချက် ဖြတ်သွားသောကားများရှိသော်လည်း Luhan အလုပ်ကိုတော့အာရုံမများစေပါ။

"Luhan ssi အဝတ်အစား Change ရတော့မလား"

"အင်း ၁၅မိနစ်နေရင် ပြန်စမယ်"

Model က Luhan စကားကို နားထောင်ပြီး သူမကား ဆီလျှောက် သွားသည့်အခါ Baekhyunက Luhan အနားရောက်လာသည်။

ထုံးစံအတိုင်း Coffeeဘူးလှမ်းပေးသည့်အခါ Luhan လှမ်းယူ လိုက်ပြီး Baekhyunကိုမကြည့်ပဲ

"ငါ သူ့ကိုပြန်လက်ခံလိုက်ပြီ Baek "

ချက်ချင်းဆိုသလို ရောက်လာသော Baekhyun အကြည့်တွေကို သတိ မထားမိ။ ရှုခင်းအဝေးတနေရာကိုငေးကြည့်ရင်း Luhan စိတ်တွေလွင့်မျောချင်တိုင်းလွင့်မျောနေသည်။

ထိုသူကို Baekhyn က ငေးမောကြည့်ပြီး အငြိမ်မနေသော မျက်ဆန်များသည် လှုပ်လှုပ်ရှားရှားဖြင့် တုန်ရီ နေသော လက်ချောင်း ထိပ်များကိုအသာထိန်းချုပ်ထားရင်း

"ဟင်း......ကောင်းတာပေါ့ မင်းသူ့ကိုချစ်နေတုန်းပဲဟာ"

အတန်ထိန်းထားသည့်ကြားက အဖျားခတ်တုန်သွားသည့် အသံ ငယ်ကို Baekhyun စိတ်တိုင်းမကျချေ။

Luhanကတော့ ပြုံးလိုက်သည်။နာနာကျင်ကျင်ပြုံးလိုက်သည်။

"အင်း ငါသူ့ကိုချစ်နေတုန်းပဲ ငါမှားနေတုန်းပဲ Baek"

အမှား???? ချစ်မိတာ အမှားတဲ့လား

အမှားလို့မင်းသတ်မှတ်လိုက်ရင် မင်းအချစ်က

ရေစုန်မျောပြီပဲ ဆက်ချစ်ဖို့မသင့်တော့ဘူးပဲ

အချစ်ကို မင်း သတ်မှတ်လို့မှမရပဲ

Baekhyun၏ရင်တွင်းစကားသံများကို Luhanမကြားနိုင်တော့။ အဆင်သင့်ပြင်ကာ ထွက်လာသည့် Modelကိုကြည့်ရင်းနဲ့ပင် Camera ကိုကောက်ကိုင်ကာထွက်သွားသည်။

Love - Hate Relationship [EDITED VERSION]Wo Geschichten leben. Entdecke jetzt