အပိုင်း တစ်ဆယ့်သုံး

5.2K 519 39
                                    


ထုံပေသွားတဲ့ နှလုံးသားတဇောက်ကန်းပေမဲ့
နာကျင်မှုဒီဂရီဆိုတာ ရှိသေးတယ်

............................

ရှေ့တည့်တည့်မှာချထားသည့် Coffeeကြွေခွက်
၏လက်ကိုင်းကို တချက်နှစ်ချက်ခေါက်ရင်းသာ
စိတ်အာရုံများပြန်စုစည်းနေမိသည်။

မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီဖြစ်သော
Park Hua Youngမှာဖြင့် ကော်ဖီအရသာကို
မြည်းစမ်းကြည့်နေလေပြီ။

"ကျွန်တော် က pre-wedding photo‌ တွေကိုရိုက်လေ့မရှိပေမဲ့……"

တည်ငြိမ်သော်လည်း အေးစက်စက်နိုင်လှသည့်
Luhanအသံထွက်လာသည့်‌နောက် Park Hua Youngမျက်လုံးပင့်ကြည့်သည်။

နှစ်ဦးတည်းစကားပြောဖို့အချိန်ဖြစ်သည်လို့
ယူဆသည့်အတွက် Studioထဲတွင် ဘယ်သူမှ
ရှိမနေခဲ့။

Baekhyunသည်ပင် Luhanတောင်းဆိုသည့် အတွက် အပြင်ထွက်သွားလေသည်။

"Oh Sehunကသတို့သားဆိုရင်တော့ ကျွန်တော်
စဉ်းစားပေးရမှာပေါ့"

စကားအဆုံးမှာကွေးတက်သွားသည့်Luhan နှုတ်ခမ်းနှင့်အတူHua Young၏မျက်ခုံးတဖက်
သည်လည်း မြင့်တက်သွားသည်။

Luhan အပြုံးပို၍ ပို၍ ပီသသွား‌လေသည်။

ဒီမိန်းမကသူ့ကိုလျှော့တွက်ထားသည်ပဲ။

"အဟင်းး ဒီလိုဆိုရင်တော့ ကျွန်မအတွက်က
ဝမ်းသာစရာပဲပေါ့။ အင်းး ကိုကို လဲဝမ်းသာနေမှာပါ  ကြိုတင်ဂုဏ်ပြုတယ်မှတ်လိုက်ပေါ့
Luhan ssi"

"တစ်ခုပဲ……"

Luhan ၏ လေသံအတက်အကျ ၊ နှုတ်ခမ်းအဖွင့်အပိတ်၊ Coffeeခွက်နားတွင်လှုပ်ရှားနေသည့်လက်အနေအထားကိုပင်စိတ်ဝင်တစားလိုက်ကြည့်နေတဲ့ သူမ ကသိပ်သနားဖို့ကောင်း‌ နေသည်။

Luhanဘာပြောမလဲဆိုတာ သူမ အရမ်းကိုသိ
ချင်နေပြီး ဘယ်လိုပြန်ပြောရမလဲဆိုတာ
ခေါင်းထဲစီနေလောက်ပြီ။

"Oh Sehun ကိုယ်တိုင် လာတောင်းဆိုရင်
တော့ ကျနော် လက်ခံပါ့မယ် သူကိုယ်တိုင်
မလာသ၍ကတော့……"

ကိုယ့်ဘက်မှရှိနေမည့် Sehunရဲ့စိတ် 55% လောက်ကိုပဲယုံကြည်ကာ ဆူးပုံချနင်း
ပါရစေ

Love - Hate Relationship [EDITED VERSION]Where stories live. Discover now