Chapter 5

85 10 0
                                    

Onew ညတွင်းချင်း Japan ပြန်ရောက်ပြီး airport ကနေမြို့ ထဲပြန်ရောက်တော့  ညသန်းခေါင်တောင်ကျော်နေပြီ... ဆောင်းတွင်းလည်းဖြစ် နောက်လည်းကျသဖြင့် လမ်းသွားလမ်းလာတွေတောင်ရှင်းကုန်ပြီ...

Park ရှိရာသို့ ကားစီးလာသော လမ်းတစ်လျှောက်တွင်လည်း ရင်ခုန်ခြင်းများစွာဖြင့် I love you Jonghyun ဆိုပြီးသာ စိတ်ထဲတွင်မကြာခဏရေရွတ်နေမိသည်... hotel မှာပဲစောင့်နေဖို့ ဖုန်းဆက်ပြောဖို့ လုပ်သော်လည်း Jjong က ဖုန်းပိတ်ထားသည်... အအေးလွန်ပြီး တစ်ခုခုဖြစ်သွားရင်ဒုက္ခဆိုပြီးစိတ်ပူရတာတစ်မျိုး ချစ်တဲ့သူနဲ့ တွေ့ ရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားရတာတစ်မျိုးနဲ့  လက်အိတ်ဝတ်ထားတဲ့ လက်တွေကတောင် အေးစက်ပြီးတုန်နေသည်...

ပန်းခြံထဲဝင်သွားတော့ မီးအချို့ တောင်ပိတ်ကုန်သဖြင့် ခပ်မှောင်မှောင် ပြီးတော့ ဒီလောက်နေရာအကျယ်ကြီးမှာ Jjong ကို ဘယ်နားသွားရှာရမှန်းမသိတာအဆိုးဆုံးဖြစ်နေသည်... တစ်ပတ်လျှောက်ကြည့် သော်လည်း လူရိပ်လူယောင်ပင်မတွေ့ ရ... သူစိတ်အပူလွန်တာပါလေ... ဒီလောက်လောက်ဆို သူလည်းပြန်သွားရောပေါ့ ဆိုပြီး ပြန်လျှောက်လာခဲ့သည်...

ဆောင်းလေအေးအေး တစ်ချက်အဝှေ့ တွင် ဆီးနှင်းပေါက်ဖြုဖြုတွေ ဖြည်းဖြည်းချင်းကျဆင်းလာသည်... Valentine's day မနက်ပိုင်းမှာသာ နှင်းကျရင် တော်တော် romantic ဖြစ်မှာပဲဆိုပြီး လေနဲ့ အတူလွင့်နေတဲ့နှင်းပွင့်လေးတွေရဲ့ လားရာကို လိုက်ကြည့် နေမိစဉ် ဓာတ်မီးတိုင်အောက်တွင် လူတစ်ယောက်ခွေခွေလေး မှောက်နေသည်ကိုတွေ့ လိုက်ရသည်...

"Jonghyun!!!"

Onew အပြေးကလေးသွားကြည့် တော့ သူကရေခဲတုံးလိုအေးစက်နေပြီး သတိရသလိုလို မရသလိုလို... သူကိုယ်လုံးကိုတင်းတင်းကြပ်ကြပ်ပွေ့ ဖက် သူ့ လက်ကလေးတွေကိုနွေးသွားအောင်ဆုပ်ကိုင်ပေးရင်း အအေးဒဏ်ကြောင့်တင်းမာနေတဲ့ Jjong မျက်နှာကိုလည်း Onewက သူ့ အနမ်းဖွဖွလေးတွေနဲ့ နွေးထွေးစေခဲ့ပါတယ်... မကြာခင် Jonghyun လည်းမျက်စိပြန်ပွင့်လာပါတယ်...

"hyung....."

"pabo yah... ခဏပဲစောင့်ပြီး ပြန်တာမဟုတ်ဘူး... အေးခဲပြီးသေသွားရင် ဘယ်လိုလုပ်မလဲ..."

"hyung လာမယ်ဆိုတာသိနေတယ်... ဒီနေ့  hyung schedule ရှိပေမယ့်  Jjongှဆီကိုလာဖြစ်အောင်လာမယ်လို့  ယုံကြည်နေတယ်..."

"အဲဒီ အရူးလေးကိုချစ်တယ်..."

"Jjong လည်း ဒီ buuny လေးကိုချစ်တယ်..."

နှုတ်ခမ်းအချင်းချင်းထိတွေ့ ပြီး အနမ်းချိုချိုလေးတွေ ဖလှယ်မိတဲ့အခါမှာတော့ သူတို့ နှလုံးသားတွေထဲမှာ အပြင်ကရာသီဥတုကြီးနဲ့ ဘာမှမဆိုင်လောက်အောင် နွေးထွေးသွားပါတော့တယ်...

"Hyung... ချမ်းတယ်..."

"Sorry ပါ Jjong ရယ်... ကိုယ့်အပြစ်တွေပါ... မင်းကိုဒဏ်ရာတွေပဲပေးမိတဲ့  ကိုယ့်အပြစ်တွေကိုပြန်ပေးဆပ်ပါ့မယ်... Hotel ပြန်ပြီးနွေးနွေးထွေးထွေးနေရအောင်..."

"နောက်ကျသွားပေမယ့် happy valentine's day ပါ hyung... ဒီညကျွန်တော်နဲ့ ပဲနေနော်... Hyung ကို ဘယ်လောက်ချစ်တယ်ဆိုတာ အများကြီးပြောပြမယ်..."

Onew က Jonghyun ကို ကြွေရုပ်လေးသဖွယ် ယုယုယယပွေ့ ချီလိုက်ပြီး သူ့ ရင်ခွင်ထဲက dino ရဲ့ နဖူးလေးကို အနမ်းတစ်ပွင့်ခြွေလိုက်သည်...

"အင်းပါ baby လေးရယ်... ကိုယ်မင်းကို ဘယ်တော့မှမခွဲတော့ဘူး...အရမ်းချစ်တယ်..."

THE END

When Innocent Bunny Falls In LoveWaar verhalen tot leven komen. Ontdek het nu