Key နဲ့  Taemin တို့ ကားပေါ်မှာ စောင့်နေတာ မိနစ်၂၀လောက်ရှိပြီ... Minho က အခုထိထွက်မလာသေး...
"hyung... minho hyung ကကြာလိုက်တာ... ဆင်းကြည့် ကြမလား..."
"တော်ပါပြီ အပြင်မှာ ဒီလောက်အေးနေတာ..."
Minho က အပြင်က မှန်တံခါးကိုခေါက်လိုက်သဖြင့် Key က တံခါး lock ဖွင့်ပေးလိုက်သည်...ပြီးတော့ သူတို့  91 liner နှစ်ယောက် ထုံးစံအတိုင်းတွေ့ တာနဲ့  ရန်ဖြစ်ကြတော့သည်...
"Yah Yah...Choi Minho ဘောလုံးကန်ထားတဲ့ နံနံစော်စော်ကြီးတွေနဲ့ ကားပေါ်တက်မလာနဲ့ ..."
"ခြေထောက်က ရွံ့ တွေတောင်မဆေးခဲ့ ဘူး..."
"ဘာ..."
"ရေချိုးနေလို့ ကြာနေတာ..သိပြီလား... Kibum တို့ များ ရေမချိုးရင်လည်းမချိုးလို့  ချိုးရင်လည်းကြာတယ်လေးဘာလေးနဲ့ ရစ်လိုက်ရမှ"
"Jong ကို သွားတွေ့ တာ ကောင်မလေးသွားတွေ့ တဲ့ အတိုင်းပဲအကြာကြီး ပြင်ဆင်နေတာကိုး... Tae နဲ့ ငါနဲ့ စောင့်နေတာကြာလှပြီ"
"ဒါနဲ့  Onew hyung ကော ပန်းဝယ်လာမယ်တဲ့လား..."
"ပြောတော့ ပြောထားတာပဲ..."
"အပေါ်ရောက်ရင် ငါတို့ တိုင်ပင်ထားတဲ့ အတိုင်းလုပ်မယ်နော်...မှတ်မိတယ်မလား..."
Key ရဲ့ အကြံကိုထောက်ခံသည့် အနေဖြင့် Minho ကော Taemin ပါ "yes sir!" ဆိုပြီးသံပြိုင်ရေရွတ်လိုက်ကြသည်...
Jonghyun သူ့ အခန်းအသစ်ကို စိတ်ကြိုက်ပြင်ဆင်ပြီး twitter မှာ ဓာတ်ပုံတင်လိုက်သည်... အလင်းရောင်ကိုမကြိုက်တတ်သူပီပီ အခန်းကို ခပ်မှောင်မှောင်နဲ့ ပရိဘောဂ အရောင်ရင့်ရင့်တွေဖြင့် အလှဆင်ထားသည်... အခန်းအသစ်လေးကို ကြွားမယ်ဆိုပြီး member တွေကို dinner ဖိတ်ထားသည်...
"တင်း....တောင်..."
Bell မြည်လာသည်နဲ့ တပြိုင်နက် Roo က Jonghyun ထက်ဦးအောင် တံခါးဆီသို့ ပြေးသွားသည်...
တံခါးလည်းဖွင့်လိုက်ရော-
"၀ါး.... အခန်းအသစ်ရတာ ဂုဏ်ပြုပါတယ် hyung!!!"
နှုတ်ဆက်ပြီးတာနဲ့  Key, Minho, Taemin တို့ လည်း ကိုယ့် အိမ်လိုသဘောထားကာ အလုံးအရင်းနဲ့ ဝင်လာကြပြီး အလှထားတာတွေကို ကိုင်ကြည့် သူကတစ်မျိုး ရေခဲသေတ္တာဖွင့်ပြီး စားစရာနှိုက်သူနဲ့  သီချင်းအကျယ်ကြီင်္းဖွင့်သူကတစ်ဖုံ စသဖြင့် ပွက်လောရိုက်နေကြသည်... ဒါပေမယ့်  Jonghyun တကယ်တမ်းမျှော်နေသူကတော့ အခုထိမရောက်သေး...