"Onew ရေ သွားရအောင်... ယူစရာရှိတာတွေ ဟိုအိတ်ထဲမှာ အဆင်သင့်ပဲ..."
"Manager hyung ပါလား... ကျွန်တော်တို့  ဒီနေ့  schedule မရှိဘူးဆို..."
"အင်း ဒါပေမယ့်  မနေ့ က့ hyung shooting လိုက်လာတော့  အဲဒီက director က Onew ကို ဒီထက် body နည်းနည်းပိုတောင့်စေချင်တယ်တဲ့ ... အဲဒါ အခု gym သွားရမယ်..."
"gym...??"
"Jonghyun ဆော့တဲ့ နေရာပဲသွားလိုက်နော်... အဲ့မှာ လူသန့် တယ်... ပြီးတော့ နှစ်ယောက်ဆိုတော့  အဖော်လည်းရတာပေါ့..."
//ဘာ...Jonghyun gym ဆော့တဲ့နေရာ... andwae...လုံးဝ မဖြစ်ဘူး...//
"နှစ်ယောက်တည်းလား... တခြားလူတွေကော..."
"Minho နဲ့  Taemin က သူတို့ နှစ်ယောက်က သပ်သပ်တစ်နေရာ.. Key ကလည်း မင်းသိတဲ့ အတိုင်းပဲ..."
"Minho တို့ နဲ့ သွား join ရင်ကော...??"
"yah... ဒါ company က စီစဉ်ပေးတာ... ပိုက်ဆံတောင် သွင်းပြီးပြီ..."
At gym...
"သူက Onew အတွက် personal trainer... Donghae တဲ့.."
"nae... တွေ့ ရတာဝမ်းသာပါတယ်..."
"ကဲ trainer နဲ့ လည်း အပ်ပြီးပြီဆိုတော့  hyung company သွားစရာလေးရှိလို့  Jonghyun နဲ့ ပဲပြန်ခဲ့ လိုက်တော့နော်..."
//ဟူး...လာပြန်ပြီ.. ဒီ Jonghyun...//
အရင်တုန်းကလည်း ပုံမှန်ကစားနေကျဖြစ်သလို trainer ကလည်း သဘောကောင်း၊ တခြား ခင်တဲ့သူငယ်ချင်း တစ်ယောက်နှစ်ယောက်လည်း ရှိသဖြင့် Onew အတွက် သိပ် အပန်းမကြီးလှပဲ အားလုံးအဆင်ပြေနေသည်... ပြေးတဲ့ စက်ပေါ်မှာ အရှိန်ကိုတဖြည်းဖြည်းမြှင့်ကာ လေ့ကျင့်ရင်း gym ထဲကို မျက်စိကစားလိုက်သည်... ရှေ့ တည့် တည့် ကို ကြည့် လိုက်တော့ လက်မောင်းတွေကြီးအောင် အလေးမနေတဲ့  Jonghyun ကိုတွေ့ လိုက်သည်... သူက body fit စွပ်ကျယ်အနက်ရောင် လက်ပြတ်ကိုဝတ်ထားသဖြင့် လေ့ကျင့်ခန်းလုပ်လိုက်တိုင်း သူ့ လက်မောင်းက အဖုအထစ်တွေက ဖောင်းလိုက်ကြွလိုက်နဲ့  ဆွဲဆောင်နေသည်... Onew ကိုတွေ့ သောအခါ လက်လှမ်းပြဖို့ လက်မအားသဖြင့် အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်...
Onew လည်း Jonghyun နဲ့ မျက်နှာချင်းဆိုင်နေတာကြာတော့ မျက်နှာတွေပူလာသဖြင့် တခြားစက်တစ်ခုဆီပြောင်းဖို့ ထွက်လာခဲ့ တော့သည်... သို့ သော်gym မှာ လူများနေသဖြင့် အားတဲ့ စက်မရှိသဖြင့် အထဲမှာ လျှောက်ကြည့် နေမိသည်... တစ်ဖက်လိုင်းမှာ စက်တစ်ခုအားသွားတာတွေ့ သဖြင့် အဲဒီဘက်သွားဖို့ လုပ်လိုက်သည်... လမ်းထောင့်ချိုးအကျော်ရောက်တော့  သူ့ ရှေ့ တည့် တည့် မှာ လာနေသော Jonghyun နဲ့ မျက်နှာချင်းဆိုင်တွေ သည်... Onew က Jonghyun ကိုကြည့် ရင်း eye smile လေးပေါ်အောင် ပြုံးပြလိုက်သည်
"အား...."
ကြမ်းပြင်မှာ သူများချထားသောရေဘူးကို မတွေ့ ပဲ ခလုတ်တိုက်မိသဖြင့် Onew မြောက်တက်သွားသည်... အောက်ကကြမ်းပြင်ကလည်းမာသဖြင့် နာတော့မှာပဲဟု စိတ်ထဲကပြင်ဆင်ရင်း ရုပ်ပျက်ဆင်းပျက်မကျအောင် ဟန်ချက်ကိုထိန်းလိုက်သော်လည်း မအောင်မြင်... မှောက်လျက်ကျသွားသည်... body နဲ့ ကြမ်းပြင် မိတ်ဆက်မိသောအခါ သိပ်မနာသဖြင့် သူပဲတောင့်လာတာလား၊ ကြမ်းပြင်ကြီးကပဲ ပျော့ သွားတာလား၊ သူတို့ ကြမ်းတိုက်ဆေးရည်နံ့ ကမွှေးသားပဲ စသဖြင့် တွေးနေတုန်း Onew ခါးကို တစ်ယောက်ယောက်က ဖက်ထားသလိုခံစားချက်မျိုးကို သိလိုက်ရသည်... မှောက်နေရာမှ ခေါင်းမော့ကြည့် လိုက်တော့ သူ့ အောက်ကိုရောက်နေတဲ့  Jonghyun...
"oh... Jjongie ပါလား"
"hyung ကိုယ်လုံးက လေးသားပဲ..."
"Jjong... sorry... နာသွားသေးလား... ကျေးဇူးပဲ..."
Jonghyun ရင်ဘတ်ပေါ်က မှဲ့ နက်လေးရှိရာသို့  ခေါင်းအပ်ပြီးမှောက်လျက်သား လဲကျသည့် အဖြစ်ကို တွေးမိရင်း ရှက်လာသဖြင့် နေရာမှ အမြန်ထွက်ခဲ့ တော့ သည်...
//Onew condition ကတော့ ဖြစ်လိုက်ရင်တလွဲချည်းပဲ//"Hyung...hyung... စောင့်ပါဦး ပြန်တော့မလို့ လား... ကျွန်တော်လိုက်ပို့ ပေးမယ်..."
သူလည်း Onew နောက်က ပြေးလိုက်သွားတော့သည်...
// သြော်... Jonghyun ရယ်... ပြေးလေလိုက်လေပါလား...//
နောက်နေ့ တွေ gym သွားတော့ Onew ကို Lee Joon နဲ့ စကားပြောနေတာတွေ့ သည်... နှစ်ယောက်သား ရယ်ရယ်မောမောနဲ့  Jjong ကိုတောင် ဂရုမစိုက်တော့... သူတို့ နှစ်ယောက်က စားလည်းအတူ သွားလည်းအတူ... Onew က Jonghyun နဲ့ စကားပြောရင်တောင် အဲလောက်ဟက်ဟက်ပက်ပက် မရှိသဖြင့် Jjong စိတ်မကောင်းမိသည်...