Alcohol ရဲ့ စူးရှပြင်းထန်သောအရသာက လည်ပင်းတလျှောက်ဖြတ်သန်းစီးဆင်းသွားသော်လည်း Onew တစ်ယောက် ကြိတ်မှိတ်ပြီးပြုံးလိုက်ရသည်... ဒီနေ့ က Key မွေးနေ့ ... သူကိုယ်တိုင်စပ်ပေးထားတာကို မသောက်ရင်လည်း စိတ်ဆိုးဦးမယ်... အပြောခံရမယ့်အတူ မထူးပါဘူးဆိုပြီး တစ်ခွက်လုံးကို တကျိုက်တည်းနဲ့ မော့ချလိုက်တော့သည်... ကိုယ်တော်ချောက မွေးနေ့ ကိုမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင်ဆိုပြီး club မှာလုပ်ချင်သတဲ့ လေ... အဲဒါနဲ့ ပဲသူ့ ကို အလိုလိုက်ပြီး SHINee member တွေကော တခြား Key နဲ့ ခင်တဲ့ သူငယ်ချင်းတွေပါ Seoul မြို့ ရဲ့ နာမည်ကြီး club တစ်ခုမှာ စုရုံးရောက်ရှိပြီး စိတ်လွတ်ကိုယ်လွတ် ပျော်နေကြလေရဲ့ ... Onew လို သောက်နေကျမဟုတ်တဲ့ သူအတွက် သီချင်းအေးအေးဖွင့်ထားတဲ့  coffee shop လေးတစ်ခုမှာ စာအုပ်လေးဖတ်ပြီး အေးအေးဆေးဆေး အနားယူရတာ ပိုသဘောကျသော်လည်း အခုတော့ ခုနကသောက်ထားတဲ့ အရှိန်ကြောင့် ခပ်ကျယ်ကျယ်ဖွင့်ထားတဲ့ dance music ရဲ့  beat တွေအတိုင်း လိုက်ကချင်သလိုလိုတောင်ဖြစ်လာတယ်
Onew လည်း Dance floor ပေါ်မှာ စိတ်ကူးပေါ်သလို လိုက်လှုပ်နေရင်း လူကလည်းရှုပ်တဲ့ အပြင် အမြင်ကော အာရုံတွေပါေ၀၀ါးလာသဖြင့် တစ်ယောက်ယောက်ကို နင်းမိလိုက်သည်...
"sorry ပါ... ကျွန်တော် မရည်ရွယ်ပါဘူး..."
Onew ကတောင်းပန်သော်လည်း သူ့ ထက်ပိုမူးနေသော တစ်ဖက်လူက လက်မခံ...
"ဘာ...မင်းက ရန်လာစတဲ့ သဘောလား... စိန်ခေါ်တာပေါ့.. ဟုတ်လား..."
ကျယ်လောင်သော ရန်ဖြစ်သံကြောင့် Dance floor မှလူများ တစ်ယောက်ပြီးတစ်ယောက် အသာလေးရှောင်ထွက်သွားပြီး ဘေးတွင်ဝိုင်းအုံကြည့် နေကြသည်...
"ခွပ်...."
ရုတ်တရက် ၀င်လာသော လက်သီးကို Onew ရှောင်ဖို့ အခွင့်အရေး မရလိုက်ချေ...နှုတ်ခမ်းထောင့်မှာ အောင့်ကနဲဖြစ်သွားသော်လည်း တထောင်းထောင်းထလာသော ဒေါသကိုချုပ်တည်းလိုက်သည်... ပြီးတော့ အတတ်နိုင်ဆုံး တည်ငြိမ်သော လေသံဖြင့်  ခပ်မာမာ ပြန်ပြောလိုက်သည်..."ကျွန်တော်တောင်းပန်ပြီးပြီပဲ... ခင်ဗျားလည်း ဘာမှဖြစ်တာမှမဟုတ်တာ..."
![](https://img.wattpad.com/cover/62964773-288-k399191.jpg)