Chapter 4

68 9 0
                                    

Korea နဲ့ Japan ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုမျိုး မကြာခဏသွားလာနေရသော SHINee အတွက် ခရီးထွက်ရတာ မဆန်းတော့ပါဘူး... schedule တွေနဲ့ မကြာခဏပြေးလွှားနေရသော သူတို့ အတွက်လေယာဉ်ပျံဆိုတာက ခဏတာအေးအေးဆေးဆေးနားလို့ ရတဲ့ နေရာလေးပေါ့... အိပ်သူအိပ် သီချင်းနားထောင်တဲ့သူကနားထောင်နဲ့  အားလုံးက ကိုယ်ပိုင်အချိန်လေးတွေနဲ့ အေးအေးချမ်းချမ်းရှိနေစဉ် Onew ရင်ထဲမှာတော့ ဂယက်ရိုက်နေသည်... သူ့ ရဲ့  Jonghyun အပေါ်ထားတဲ့  ခံစားချက်တွေကိုပြန်လည် သုံးသပ်ရင်း အမှတ်တရလေးတွေပြန်စဉ်းစားရင်း သူ့ ဘေးမှာထိုင်ပြီးအိပ်ပျော်နေတဲ့  Jjong ရဲ့ ပုံစံကို ကြည့် ရင်းပြုံးနေမိသည်... သူ့ ပုခုံးပေါ်ရုတ်တရက်ကျလာသော Jonghyun ခေါင်းကို တွန်းဖယ်ဖို့ မကြိုးစားတော့ပဲ သူ့ ဆံပင်လေးတွေကို အသာလေးသပ်ပေးနေမိသည်... Jonghyun ကိုမကြာခဏသတိရမိတာတွေ သူ့ ကိုတခြားသူတွေထက်ဂရုစိုက်ပေးချင်မိတာ ရိုးရိုးသံယောဇဉ်လား ထူးခြားတဲ့သံယောဇဉ်လားဆိုတာကို Onew ဝေခွဲရခက်နေသည်...

SHINee က concert အတွက်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အမြဲတမ်း စိတ်နှစ်ပြီး အားသွန်ခိုက်စိုက်လုပ်တတ်သည်... အခုလည်း concert အတွက် ကြိုတင်လေ့ကျင့်နေသည်မှာ ဆောင်းရာသီတွင်ပင် ချွေးပြိုက်ပြိုက်ကျနေကြသည်...

"အားလုံးခဏနားကြမယ်... ၅နာရီပြန်စမယ်..."

Break time ဆိုသောအသံကြောင့် အားလုံးဝမ်းသာသွားကြသည်... ပင်ပန်းသဖြင့် အချို့ ကလည်း ကြမ်းပေါ်ပစ်လှဲလိုက်ကြသည်...ခပ်မှောင်မှောင်ထောင့်လေးတစ်နေရာမှာတော့ Jonghyun တစ်ယောက်တည်း ရေဘူလေးကိုင်ပြီးထိုင်နေသည်... သူ့ အတွက် လူပင်ပန်းတာထက်စာရင် စိတ်ပင်ပန်းတာက ပိုဆိုးနေသည်... သူ Onew ကို ဖွင့်ပြောပြီးကတည်းက Onew က သူ့ ကိုရှောင်နေသည်... စကားလည်း သိပ်မပြောတော့ပါ... သူပြောမိတာများမှားသွားပြီလား စိတ်အနှောင့်အယှက်ဖြစ်အောင်များ လုပ်မိပြီလား ဖွင့်မပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်လေးပဲချစ်နေရင် ကောင်းသားဆိုပြီး အတွေးမျိုးစုံ နယ်ချဲ့ မိနေသည်...

Minho ရောက်လာပြီး Jonghyun ပုခုံးကိုဖက်ကာ ဘေးတွင်ဝင်ထိုင်လိုက်သည်...

When Innocent Bunny Falls In LoveWaar verhalen tot leven komen. Ontdek het nu