Final part ♡♡
"သားတောင်ရောက်နေပြီလား..အိမ်ခဏပြန်မယ်ဆိုပြီးမြန်လိုက်တာရောက်လာတာ"
အခန်းထဲဝင်လာတဲ့Sooမေမေကပြောခြင်းပါ..အံ့ဩစရာတော့ကောင်းသား..Sooကိုလက်လွှတ်လိုက်ရပြီလို့ထင်ခဲ့ပေမယ့်ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်Sooသတိပြန်ရလာခဲ့တယ်..သူသတိရလာကတည်းက Wheel chairတွေဘာတွေဆိုတာမလိုတော့ဘူး..ကျွန်တော့်ဒဏ်ရာကလည်းဘာမှမခံစားရတော့တဲ့ထိကိုသက်သာသွားတာ..သူမကကျွန်တော့်အတွက်ဆေးဝါးမှန်းအခုမှသိတယ်..
Kai :ဟုတ်..ကျွန်တော်ဆန်ပြုတ်သွားပြုတ်တာပါ..အခုSooတောင်စားနေပြီ..
အိပ်ရာပေါ်မှာမတ်မတ်ထိုင်ပြီးKaiခွံ့ကျွေးတဲ့ဆန်ပြုတ်ကိုစားနေတဲ့Sooကတော့သူ့အမေကိုယဲ့ယဲ့လေးပြုံးပြတယ်..သူမသတိရပြီဆိုပေမယ့်လူကောင်းလိုတော့မနေနိုင်သေးဘူးလေ.. လမ်းလည်းမလျှောက်နိုင်သေးသလိုစကားလည်းဖြေးဖြေးချင်းပဲပြောနိုင်တယ်..အားမရှိလို့ပါ..Sooကခေါင်းခါပြတော့..
Kai :ဒီတစ်လုပ်စားလိုက်နော်..ပြီးရင်အပြင်လိုက်ပို့မယ်..
Sooကခပ်သွက်သွက်ခေါင်းငြိမ့်ပြတယ်..ဟုတ်တယ်..သူဒီအခန်းကျဉ်းလေးမှာပဲနေနေရလို့Kaiကိုဂျီကျနေတာ..အပြင်ဆိုတာလည်းဆေးရုံဝန်းထဲမှာပါ..ဆရာဝန်ကမလှုပ်ရှားခိုင်းသေးလို့Kaiကအပြင်မခေါ်တာ..မနက်ကဆရာဝန်ကိုပြောတော့ဆရာဝန်ခွင့်ပြုတာကြောင့်အပြင်ခေါ်မယ်လို့ပြောတာပေါ့..
"Kyung Soo ah..နေကောင်းရဲ့လား"
Jiwooနဲ့YuraကSooကုတင်ဘေးမှာထိုင်ရင်းမေးတယ်..
Soo : အင်း..
Jiwoo : Kyung Soo ah.. နင်အမြန်နေကောင်းအောင်လုပ်သိလား..ငါတို့မင်္ဂလာဆောင်လာဖို့ပြင်ထား..
Kai :နင်တို့ကမင်္ဂလာတောင်ဆောင်တော့မယ်ပေါ့လေ..ဘယ်တော့လဲ
Jiwoo :Kyung Soo နေကောင်းမှပါ.. တခြားဘယ်သူမှမပါဘူး..ငါတို့၎ယောက်ပဲရှိမှာ..ဘုရားကျောင်းတစ်ခုမှာဆောင်မယ်လေ..နင်လည်းသိသားနဲ့ငါတို့ကnormalမဟုတ်တော့လူတွေကိုမဖိတ်ချင်ဘူး..Kyung Sooလာခဲ့နော်..
Soo ကတော့ပြုံးပြီးခေါင်းငြိမ့်ပြသည်..
Jiwoo :Kyung Soo ah..ဘယ်လိုနေလဲ.. ဘယ်နားနာသေးလဲ..Kaiကရောသေချာဂရုစိုက်ရဲ့လား..အစားရောစားပြီးပြီလား?ဘာစား
YOU ARE READING
All of me ( KaiSoo)
Fiksi Remajaချစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ကောင်မလေး soo နဲ့ သူမအစားလက်စားချေပေးမယ့် သူမရဲ့ သူငယ်ချင်းလေးတို့ကြားကအချစ်...