မီးပွိုင့် မှာ ရုတ်တရက်အနီရောင်သို့ပြောင်းသွားသဖြင့် သူမကားလေးကို soo ညင်သာစွာရပ်တန့်လိုက်ရပါသည်။တစ်ပြိုင်နက်ထဲမှာပဲသူမကားလေးနားသို့ အတူယှဉ်ရပ်လာသည့်ကားတစ်စီးရှိရာသို့ soo အကြည့်လေးများအမှတ်မထင်ရောက်သွားရသည့်အချိန်မှာတော့.......
"ဟင်"
Chanyeol sshi...
soo မျက်လုံးတို့ပြူးကျယ်သွားပြီး လုံးဝမျှော်လင့်မထားသော လူတစ်ယောက်ကိုတွေ့လိုက်ရခြင်းကြောင့် သူမတစ်ကိုယ်လုံး အေးခနဲ ဖြစ်သွားရပြီး ရင်ခုန်သံ တွေကလည်း တဒိတ်ဒိတ်ဆောင့်ခုန်လို့သွားရပါသည်
soo လူမှားတာမဟုတ်နိုင်ပါ။
မျက်စိမှားတာလည်းမဖြစ်နိုင်ပါ။ဘေးတိုက်အနေအထားမြင်နေရသည်နှင့်ပင် ဘယ်သူဘယ်ဝါ ဆိုတာခွဲခြားနိုင်အောင်ကို ပင် အမြဲသတိတရနှငိ့ မှတ်မိနေနိုင်တဲ့လူ၊ soo ရင်ထဲမှာ စွဲထင်နက်ရှိုင်းစွာရှိနေခဲ့တဲ့လူ။
ထိုသူက တခြားမဟုတ်...။
*Park Chanyeol* ဆိုသောသူ ဆိုတာဘယ်သူသိနိုင်မှာတဲ့လဲ။
တသိမ့်သိမ့် တုန်ရီနေတဲ့ နှလုံးသားတစ်စုံနဲ့ တစ်ဖက်ကားပေါ်က လူကို soo မသိမသာလေးခိုးကြည့်နေမိစဉ်မှာပင် တိုက်ဆိုင်စွာ ထိုသူလည်း သူမရှိရာဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လာတော့...
"အို"
Soo နဲ့သူ မျက်လုံးချင်းခလုတ်တိုက်မိကြတော့ soo ခမျာ လန့်ဖျတ်ကာ အာမေဋိတ်သံလေးပင် ထွက်မိတော့သည်။
ခနတာ မိနစ်၊စက္ကန့်ပိုင်းမျှသာအကြည့်ဆုံမိုပြီး တည်ကြည်ခန့်ညားသောအသွင်ဖြင့်အကြည့်လွှဲသွားပုံက သိပ်လှသော soo လိုမိန်းကလေးတစ်ယောက်ကိုတောင်အသိအမှတ်မပြု စိတ်မဝင်စားသလိုပင်။
သေချာတာကတော့ သူ soo ကိုမမှတ်မိတာပါ။ ဒါလည်းတစ်မျိုးကောင်းပါတယ်။ သူလိုလူတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုအလွယ်တကူမှတိမိနေမယ့်သူမျိုး မဟုတ်သလို သူ့အလုပ်ကလွဲပြီးတခြားပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့ လူမျိုးမှမဟုတ်တာ။ ကိုယ်မှန်သည်ထင်ရင် ဘယ်သူ့ကိုမှဂရုမစိုက်တတ်သူမျိုး၊တည်ကြည်ခန့်ညားသောဥပဓိရုပ်သွင်ကပကဓိတည်တည်ငြိမ်ငြိမ်၊ ခိုင်မာသော မေးရိုးအကျ၊ မထူမပါး နဲ့ တန်းနေသောမျက်ခုံးတစ်စုံ၊ ဖြောင်းစင်းနေသော နှာတံပေါ်ပေါ် အောက်မှာ လေးကိုင်သဏ္ဌန် ဖူးညွှတ်ကော့နေသော ပန်းနုရောင်စွဲမတ်ဖွယ်နှုတ်ခမ်းတစ်စုံကိုတင်းတင်းစေ့ထားပြီး စူးရှတောက်ပသော မျက်ဝန်းတစ်စုံကအရောင်တဖျတ်ဖျတ်လက်နေ သလို ဆံပင်ရွှေညို ရောင်မကျ အနီရောင်မကျ ကို သေသပ်စွာလူကြီးဆန်ဆန် ဖြီးထားသော ဖြူ ဖွေးသောအသားအရေနဲ့ လိုက်ဖက်လွန်းလှနေသည်မှာ လင်းလက်တောက်ပနေသလိုပင်။
မီးပွိုင့် မှာကားတွေအများကြီးယှဉ်ရပ်နေသည့်ကြားမှ Park Chanyeol ရဲ့ကားနဲ့ soo ရဲ့ကားလေးဘေးချင်ယှဉ်ရပ်ခွင့်ရခဲ့သည့်အဖြစ်။
ရေစက်မကုန်လို့ပြန်ဆုံကြရတာဆိုရင်တော့ထူးခြားဆန်းကြယ်လှတဲ့ကံကြမ္မာကိုပဲကျေးဇူးတင်ရတော့မည်။ပျော်ရွှင်ငြိမ်းချမ်းသော soo ဘဝလေးထဲကို အကြီးမားဆုံးပြောင်းလဲမှုကြီးတစ်ခုရောက်ရှိဖြစ်ပေါ်လာတော့မည့်အဖြစ်အပျက်များ၏အစဟု ထိုစဉ်က soo ကိုယ်တိုင်ပင်မရိပ်မိခဲချေ။
မီးပွိုင့် မှာမီးစိမ်းသွားသည်။
soo ကားဘေးမှ သူ့ကားလေးလျှောခနဲထွက်သွားတော့ သူမကားလေးကိုလည်း Chanyeol ကားနောက်မှအတူလိုက်ပါစေလိုက်ပါသည်။
*Chanyeol sshi...*
* ရှင့်ကို...တစ်ကြိမ်တစ်ခါသာမြင်တွေ့ဖူးရုံနဲ့မေ့လို့မရနိုင်အောင်စွဲလန်းနေမိတဲ့မိန်းကလေးတစ်ယောက်ဟောဒီလောကကြီးထဲမှာသက်ရှိထင်ရှား ရှိနေတယ်ဆိုတာ ရှင်ကတော့သိမယ်မထင်ပါဘူး။သိခဲ့မယ်ဆိုရင်ကောရှင်စိတ်ဝင်စားနိုင်ပါ့မလား။ ပြီးတော့ soo ဆိုတဲ့ကျွန်မကရှင့်ထက်အသက် ၁၀နှစ်နီးပါးငယ်တယ်ရှင့် သိရဲ့လား။*
( ဟိုလေတစ်ခုလောက်ပြောချင်လို့ အာသာ စဉ်းစားတဲ့အခန်းတွေဆိုရင် *....* လေးနဲ့ရေးပေးမှာပါ ကြည့်ရတာရှုပ်မှာစိုးလို့ပါ)
#######################
ဟိုလေ အာသာ့ အရင်fic လေးကသိပ်မကောင်းလို့ ပြီးတော့ပျက်သွားလို့ပြန်မရေးတော့ပဲအသစ်ပြန်တင်တာပါ ဒါလေးကိုတော့အားပေးကြပါနော် အာသာအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး type ထားပါတယ် မကောင်းရင်လည်းဝေဖန်ကြပါနော်
ကြယ်လေးတွေလည်းမစကြပါနော် fb လေးတွေကော ဟီးဟီး
YOU ARE READING
I Want To Live Beside You(ကိုယ်နေချင်တာ မင်းအနားမှာ)
Random(Chasoo) *normal* Main characters - Park Chanyeol, - Do Kaung Soo