Part-1

3.5K 185 4
                                    

မီးပွိုင့်​ မှာ ရုတ်​တရက်​အနီ​ရောင်​သို့​ပြောင်းသွားသဖြင့်​ သူမကား​လေးကို soo ညင်​သာစွာရပ်​တန့်​လိုက်​ရပါသည်​။တစ်​ပြိုင်​နက်​ထဲမှာပဲသူမကား​လေးနားသို့ အတူယှဉ်​ရပ်​လာသည့်​ကားတစ်​စီးရှိရာသို့ soo အကြည့်​​လေးများအမှတ်​မထင်​​ရောက်​သွားရသည့်​အချိန်​မှာ​တော့.......
"ဟင်​"
Chanyeol sshi...
soo မျက်​လုံးတို့ပြူးကျယ်​သွားပြီး လုံးဝ​မျှော်​လင့်​မထား​သော လူတစ်​​ယောက်​ကို​တွေ့လိုက်​ရခြင်း​ကြောင့်​ သူမတစ်​ကိုယ်​လုံး ​အေးခနဲ ဖြစ်​သွားရပြီး ရင်​ခုန်​သံ ​တွေကလည်း ​တဒိတ်​ဒိတ်​​​ဆောင့်​ခုန်​လို့သွားရပါသည်
soo လူမှားတာမဟုတ်​နိုင်​ပါ။
မျက်​စိမှားတာလည်းမဖြစ်​နိုင်​ပါ။ဘေးတိုက်​အ​နေအထားမြင်​​နေရသည်​နှင့်​ပင်​ ဘယ်​သူဘယ်​ဝါ ဆိုတာခွဲခြားနိုင်​​အောင်​ကို ပင်​ အမြဲသတိတရနှငိ့ မှတ်​မိ​နေနိုင်​တဲ့လူ၊ soo ရင်​ထဲမှာ စွဲထင်​နက်​ရှိုင်းစွာရှိ​နေခဲ့တဲ့လူ။
ထိုသူက တခြားမဟုတ်​...။
*Park Chanyeol* ဆို​သောသူ ဆိုတာဘယ်​သူသိနိုင်​မှာတဲ့လဲ။
တသိမ့်​သိမ့်​ တုန်​ရီ​နေတဲ့ နှလုံးသားတစ်​စုံနဲ့ တစ်​ဖက်​ကား​ပေါ်က လူကို soo မသိမသာ​လေးခိုးကြည့်​​နေမိစဉ်​မှာပင်​ တိုက်​ဆိုင်​စွာ ထိုသူလည်း သူမရှိရာဘက်​သို့ ဖျတ်​ခနဲ လှည့်​ကြည့်​လာ​တော့...
"အို"
Soo နဲ့သူ မျက်​လုံးချင်းခလုတ်​တိုက်​မိကြ​တော့ soo ခမျာ လန့်​ဖျတ်​ကာ အာ​မေဋိတ်​သံ​​လေးပင်​ ထွက်​​မိ​တော့သည်​။
ခနတာ မိနစ်​၊စက္ကန့်​ပိုင်း​မျှသာအကြည့်​ဆုံမိုပြီး တည်​ကြည်​ခန့်​ညား​သောအသွင်​ဖြင့်​အကြည့်​လွှဲသွားပုံက သိပ်​လှ​သော soo လိုမိန်းက​လေးတစ်​​ယောက်​ကို​တောင်​အသိအမှတ်​မပြု စိတ်​မဝင်​စားသလိုပင်​။
သေချာတာက​တော့ သူ soo ကိုမမှတ်​မိတာပါ။ ဒါလည်းတစ်​မျိုး​ကောင်းပါတယ်​။ သူလိုလူတစ်​​ယောက်​က မိန်းက​လေးတစ်​​ယောက်​ကိုအလွယ်​တကူမှတိမိ​နေမယ့်​သူမျိုး မဟုတ်​သလို သူ့အလုပ်​ကလွဲပြီးတခြားပတ်​ဝန်းကျင်​ကို ဂရုစိုက်​တတ်​တဲ့ လူမျိုးမှမဟုတ်​တာ။ ကိုယ်​မှန်​သည်​ထင်​ရင်​ ဘယ်​သူ့ကိုမှဂရုမစိုက်​တတ်​သူမျိုး၊တည်​ကြည်​ခန့်​ညား​သောဥပဓိရုပ်​သွင်​ကပကဓိတည်​တည်​ငြိမ်​ငြိမ်​၊ ခိုင်​မာ​သော ​မေးရိုးအကျ၊ မထူမပါး နဲ့ ​တန်း​နေ​သောမျက်​ခုံးတစ်​စုံ၊ ​ဖြောင်းစင်း​နေ​သော နှာတံ​ပေါ်​ပေါ် ​အောက်​မှာ ​လေးကိုင်​သဏ္ဌန်​ ဖူးညွှတ်​​ကော့​နေ​သော ပန်းနု​ရောင်​စွဲမတ်​ဖွယ်​နှုတ်​ခမ်းတစ်​စုံကိုတင်းတင်း​စေ့ထားပြီး စူးရှ​တောက်​ပ​သော မျက်​ဝန်းတစ်​စုံကအ​ရောင်​တဖျတ်​ဖျတ်​လက်​​နေ သလို ဆံပင်​​ရွှေညို ​ရောင်​မကျ အနီ​ရောင်​မကျ ကို ​သေသပ်​စွာလူကြီးဆန်​ဆန်​ ဖြီးထား​​သော ဖြူ ​ဖွေး​သောအသားအ​ရေနဲ့ လိုက်​ဖက်​လွန်းလှ​နေသည်​မှာ လင်းလက်​​တောက်​ပ​နေသလိုပင်​။
မီးပွိုင့်​ မှာကား​တွေအများကြီးယှဉ်​ရပ်​​နေသည့်​ကြားမှ Park Chanyeol ရဲ့ကားနဲ့ soo ရဲ့ကား​လေး​ဘေးချင်​ယှဉ်​ရပ်​ခွင့်​ရခဲ့သည့်​အဖြစ်​။
ရေစက်​မကုန်​လို့ပြန်​ဆုံကြရတာဆိုရင်​​တော့ထူးခြားဆန်းကြယ်​လှတဲ့ကံကြမ္မာကိုပဲ​ကျေးဇူးတင်​ရ​တော့မည်​။ပျော်​ရွှင်​ငြိမ်းချမ်း​သော soo ဘဝ​လေးထဲကို အကြီးမားဆုံး​ပြောင်းလဲမှုကြီးတစ်​ခု​ရောက်​ရှိဖြစ်​​ပေါ်လာ​တော့မည့်​အဖြစ်​အပျက်​များ၏အစဟု ထိုစဉ်​က soo ကိုယ်​တိုင်​ပင်​မရိပ်​မိခဲ​ချေ။
မီးပွိုင့်​ မှာမီးစိမ်းသွားသည်​။
soo ကား​ဘေးမှ သူ့ကား​လေး​လျှောခနဲထွက်​သွား​တော့ သူမကား​လေးကိုလည်း Chanyeol ကား​နောက်​မှအတူလိုက်​ပါ​စေလိုက်​ပါသည်​။
*Chanyeol sshi...*
* ရှင့်​ကို...တစ်​ကြိမ်​တစ်​ခါသာမြင်​​တွေ့ဖူး​ရုံနဲ့​မေ့လို့မရနိုင်​​အောင်​စွဲလန်း​နေမိတဲ့မိန်းက​လေးတစ်​​ယောက်​​ဟောဒီ​လောကကြီးထဲမှာသက်​ရှိထင်​ရှား ရှိ​နေတယ်​ဆိုတာ ရှင်​က​တော့သိမယ်​မထင်​ပါဘူး။သိခဲ့မယ်​ဆိုရင်​​ကောရှင်​စိတ်​ဝင်​စားနိုင်​ပါ့မလား။ ပြီး​တော့ soo ဆိုတဲ့ကျွန်​မကရှင့်​ထက်​အသက်​ ၁၀နှစ်​နီးပါးငယ်​တယ်​ရှင့််​ သိရဲ့လား။*
( ဟို​လေတစ်​ခု​လောက်​​ပြောချင်​လို့ အာသာ စဉ်းစားတဲ့အခန်း​တွေဆိုရင်​ *....* ​လေးနဲ့​ရေး​ပေးမှာပါ ကြည့်​ရတာရှုပ်​မှာစိုးလို့ပါ)
#######################
ဟို​လေ အာသာ့ အရင်​fic ​လေးကသိပ်​မ​ကောင်းလို့ ပြီး​တော့ပျက်​သွားလို့ပြန်​မ​ရေး​တော့ပဲအသစ်​ပြန်​တင်​တာပါ ဒါ​လေးကို​တော့အား​ပေးကြပါ​နော်​ အာသာအတတ်​နိုင်​ဆုံးအ​ကောင်းဆုံးဖြစ်​​အောင်​ ကြိုးစားပြီး ​type ထားပါတယ်​ မ​ကောင်းရင်​လည်း​ဝေဖန်​ကြပါ​နော်
ကြယ်​​လေး​တွေလည်းမစကြပါ​နော်​ fb ​လေး​တွေ​ကော ဟီးဟီး

I Want To Live Beside You(ကိုယ်​​နေချင်​တာ မင်းအနားမှာ)Where stories live. Discover now