Part - 7

474 43 14
                                    

Chanyeol တစ်​​ယောက်​သူ့ကားကိုပိုပြီးအရှိန်​တင်​လိုက်​သည်​. . .

နောက်​ကကားပိုင်​ရှင်​ကလည်း အရှိန်​မြင့်​ပြီးလိုက်​လာပြန်​သဖြင့်​ မျက်​ခုံးအစုံတွန့်​သွားသလိုမျက်​၀န်းအစုံမှာလည်း အ​ရောင်​တလက်​လက်​ဖြစ်​သွားသည်

*​ ​သေချာပါပြီ . . .*

သူ့ကား​နောက်​ကို​ခြေရာခံလိုက်​​နေပြီဆိုတာ ။

ဖြစ်​​တောင့်​ဖြစ်​ခဲ ကြုံ​တောင့်​ကြုံခဲအဖြစ်​မို့ Chanyeol နည်းနည်း​တော့ထူးဆန်းသွားသည်​. . .

* ဘယ်​လိုဖြစ်​တာပါလိမ့်​. . .

Park Chanyeol ဆိုတာ နာမည်​ကြီးရုပ်​ရှင်​မင်းသားမဟုတ်​သလို နာမည်​ကြီးအဆို​တော်​လည်းမဟုတ်​ . . .လူအများစိတ်​၀င်​စားချင်းကိုခံရ​လောက်​​အောင်​လည်းနာမည်​​ကျော်​ပုဂ္ဂိုလ်​တစ်​​ယောက်​လည်းမဟုတ်​. . .

အသက်​ငယ်​ငယ်​ရွယ်​ရွယ်​ ​ချော​ချော​မော​မောလည်းမဟုတ်​ . . . ။ ( ဒါ​တော့ရှင့်​ဘာသာရှင်​​တွေးတာ​လေ yeol ရယ်​ရှင်​​ချောမ​ချော author တို့ readers တို့ အသိ😁 ဟုတ်​တယ်​​နော်​ gu တို့😜 )

သူ့အသက်​အရွယ်​ တည်​ကြည်​ခန့်​ညားမှု​ကြောင့်​လူအများ​လေးစားခြင်းကိုခံရ​ပေမယ့်​ ဘယ်​လိုအ​ကြောင်း​ကြောင့်​နဲ့မှသူ့​နောက်​ကို shadow လိုက်​စရာမရှိပါ. . .

EXODUS company ပိုင်​ရှင်​သူ​ဋ္ဌေးမို့ သူ့အ​ပေါ်မ​ကျေနပ်​တာရှိခဲ့သူတစ်​ဦးတစ်​​ယောက်​က ရုပ်​ရှင်​​တွေထဲကလို စာရင်းရှင်းစရာရှိလို့လိုက်​လာတာများလား. . .*

ဘယ်​လိုပဲ​တွေး​တွေး chanyeol တစ်​​ယောက်​အ​ဖြေရှာလို့မရ. . .။

ပိုပြီးထူးခြားတာက သူ့​နောက်​ shadow လိုက်​လာတဲ့ကား​ပေါ်မှာပါလာတာ သူလိုကိုယ်​လို ​ယောကျာ်းချင်းမဟုတ်​ . . .ငယ်​ငယ်​ရွယ်​ရွယ်​ မိန်းက​လေးအုပ်​စုဖြစ်​​နေသည်

ရုတ်​တရက်​ Chanyeol တစ်​​ယောက်​သူ့အဖြစ်​ကိုသူ ရယ်​ချင်​လာမိသည်​. . .

အသက်​ကြီးမှဘယ်​လိုကံဇာတာစန်းထ​​​နေသည်​မသိ တစ်​သက်​နဲ့တစ်​ကိုယ်​တစ်​ခါမှမကြုံဖူး​သောဖြစ်​နှင့်​လာကြုံ​နေရသည်

I Want To Live Beside You(ကိုယ်​​နေချင်​တာ မင်းအနားမှာ)Where stories live. Discover now