Part-2

1.8K 142 2
                                    

        အသက်​ ၂၀​ကျော်​အရွယ်​မိန်းက​လေးတစ်​​ယောက်​နဲ့ အသက်​၃၀​ကျော်​အရွယ်​ ​ယောကျာ်း​လေးတစ်​​ယောက်​တို့အမှတ်​မထင်​ဆုံစည်းခဲ့ရတာက​တော့တစ်​ခု​သော​အောက်​တိုဘာလ ရဲ့ညတစ်​ည။ထို​နေ့ကို soo ဘယ်​​သောခါမှ​မေ့​ပျောက်​ဖြစ်​မည်​မထင်​။
(Flashback: start )
   *ထို​နေ့က soo တစ်​​ယောက်​ထဲ​မောင်းလာ​သောကားကလမ်းတစ်​ဝက်​တွင်​ အလို​လျောက်​ရပ်​တန့်​သွားခဲ့ရာ soo ကူညီနိုင်​မည့်​သူတစ်​​ယောက်​​ယောက်​ကို​မျှော်​​နေစဉ်​ Park Chanyeol ဆို​သောသူ၏ကားနှင့်​အမှတ်​မထင်​ ဆုံစည်းခဲ့ရခြင်းဖြစ်​ပြီး ထို​နေ့က Park Chanyeol ကိုယ်​တိုင်​ soo ကားကို စစ်​​ဆေးပြုပြင်​​ပေးခဲ့ပြီး​နောက်​ soo နဲ့သူ ​နောက်​ထပ်​မဆုံဖြစ်​​တော့​ချေ။ soo ဘူဆန်​သို့ appa အလုပ်​​​ကြောင့်​​ပြောင်းခဲ့ရ၍ ဘူဆန်​မှာပင်​ ​ကျောင်းပိတ်​ရက်​ကုန်​သည်​အထိ​နေဖြစ်​ခဲ့သည်​။ ရှည်​လျားမြင့်​သား​သောအရပ်​၊တည်​ကြည်​ခန့်​ညား​သောရုပ်​သွင်​၊ကြည်​လင်​ပျက်​သား​သော မ​ကေ်​ဝန်းအစုံတို့ကို soo ​မေ့မရနိုင်​စွာစွဲလမ်း​နေမိလိမ့်​မည်​ဟုပင်​ soo ကိုပင်​မ​တွေးမိခဲ့ပါ။ ဒုတိယအကြိမ်​ soo သူ့ကိုပြန်​​တွေ့ရတာက​တော့ လူကိုယ်​တိုင်​မဟုတ်​ခဲ့ တီဗီမှ တဆင့်​ ​တွေ့ရခြင်းဖြစ်​သည်​။ သူငယ်​ချင်​ bake တို့အိမ်​ကိုသွားရင်း သူမအကိုမဂွလာ​ဆောင်​ အ​ခွေကိုဖွင့်​ပြရာ မှ အမှတ်​မထင်​ပြန်​​တွေ့ရပြန်​သည်​။
        အမှန်​အတိုင်းဝန်​ခံရရင်​ Park Chanyeol ဆို​သောသူမှာ စာဖွဲ့ရ​လောက်​​အောင်​ပင်​​ချော​မောသူတစ်​​ယောက်​ပါ။တည်​ကြည်​ခန့်​ညား ပြီး​ယောကျာ်းပီသ​သော ဥပဓိရုပ်​ပိုင်​ရှင်​ဖြစ်​ပြီး အမျိုးသမီးတို့အတွက်​စွဲမက်​ဖွယ်​ရာ အရည်​အချင်းများစွာသူ့မှာပိုင်​ဆိုင်​ထား​လေသည်​။
        Bake မှတဆင့်​သူ့နာမည်​ Park Chanyeol ဖြစ်​ပြီး EXODUS company ပိုင်​ရှင်​ဖြစ်​​ကြောင်းသိခဲ့ရကတည်းက သူ့နာမည်​က soo နှလုံးသား မှာနက်​ရှိုင်းစွာ စွဲထင်​​နေရာယူ​နေခဲ့ခြင်းဖြစ်​သည်​။ bake အစ်​ကို ၏ မင်္ဂလာ​ဆောင်​အ​ခွေကို bake ထံမှ ငှါးကာ ကူး ယူပြီးsoo ကြည့်​လို​သော Chanyeol sshi ရဲ့ လှုပ်​ရှားမှု​တွေကို စိတ်​ကြိုက်​​ငေးကြည့်​ခွင့်​ရခဲ့သည်​။ သူ့ရဲ့​ပြောဟန်​ဆိုဟန်​...ရယ်​​မောဟန်​​လေး​တွေအားလုံးကို soo အလွတ်​ရ​နေသည်​အထိတစိမ့်​စိမ့်​ကြည့်​​နေမိသည်​။ သူပြုံးလိုက်​တိုင်း​ပေါ်ခါတဲ့ ပါးတစ်​ဖက်​ကပါးချိုင့်​​လေးက ကြည်​နူးစွဲမက်​ဖွယ်​​ကောင်းသလို ရင်​​ခုန်​နှုန်းကိုလည်း အဆမတန်​မြင့်​တက်​​အောင်​ဆွဲ​ဆောင်​နိုင်​ပါ့။သူအားရပါးရရယ်​လိုက်​ရင်​​တော့ အပြစ်​ကင်းစင်​တဲ့က​လေးတစ်​​ယောက်​လိုပဲ နုပျိုလန်းဆန်း ​​နေသည်​။ soo သူ့လှုပ်​ရှားမှုတိုင်းကို စိတ်​လှုပ်​ရှားစွာ​ခနခန ငေးကြည့်​​နေမိသဖြင့်​ အကြိမ်​​ရေတိုး​လေ soo ရင်​ထဲမှာလည်းသူဆိုတဲ့ လူက ပိုလို့​နေရာယူ​နေခဲ့တယ်​​လေ။အချိန်​ကြာလာ​လေ သူ့အ​ပေါ်မှာထားတဲ့soo ရဲ့ခံစားချက်​​တွေက ပိုပြီးခိုင်​မာအမြစ်​တွယ်​လာ​လေဖြစ်​လာသည်​။ ဒါဟာ​တော်​​တော်​အံ့သြစရာအဖြစ်​ပါ။ Do Kaung Soo ဆိုတာ ​တော်​ရုံဘယ်​​ယောကျာ်းကိုမှစိတ်​မဝင်​စားခဲ့သလို၊soo ကို ချစ်​လှပါချည်​ရဲ့၊မြတ်​နိုးလှပါချည်​ရဲ့ ဆိုသည့်​​ယောကျာ်း​တွေရဲ့စကားမှာလည်းအယုံလွယ်​တတ်​သူတစ်​​ယောက်​လည်းမဟုတ်​ပါ၊ အထူးသဖြင့်​ soo နှင့်​သက်​တူရှယ်​တူ ​ယောကျာ်း​တွေဆိုကြည့်​မရ၊ သူတို့လိုချင်​တာဖြစ်​ချင်​တာလွဲလို့ဘာတစ်​ခုမှအလိုက်​ကမ်းဆိုးမသိတဲ့​ယောကျာ်းမျိုးကို soo အလိုမရှိပါ။
             တစ်​​နေ့ soo ချစ်​ရတဲ့သူဖြစ်​လာမယ့်​သူက soo ထက်​အနည်းငယ်​ကြီးပြီး soo အ​ပေါ်သည်းခံကာနားလည်​မှုအပြည့်​​ပေးနိုင်​သလို soo ကို​လေ​ပြေ​အေး​လေးနဲ့​ချော့​မောနိုင်​ပြီး အများအမြင်​မှာ ချီးမွမ်းထိုက်​​သော ​ယောကျာ်းပီသ တည်​ကြည်​ခန့်​ညားကာသူ့အ​ကြောင်း​တွေးမိရုံနှင့်​ စိတ်​နှလုံးသားကို နူးညံ့ ​ပျော့​ပျောင်း​စေနိုင်​မည့်​သူဖြစ်​ရမည်​ ဟု soo စိတ်​ကူးယဉ်​ ခဲ့မိသည်​။အခု soo ​တွေ့​နေရ​သော Chanyeol sshi ကsoo စိတ်​ကူးထဲကချစ်​သူနဲ့ တသ်​ထပ်​တည်းတူညီ​နေရုံမက soo သူ့ကို ​တွေ့လိုက်​ရတိုင်း soo နှလုံးသားကို လှုပ်​ရှား​အောင်​ လှုပ်​ခတ်​နိုင်​သူလည်းဖြစ်​သည်​။
         Bake ထံကစုံစမ်းရသ​လောက်​ဆို သူ့မှာအိမ်​​ထောင်​မရှိ​သေး​ချေ။အလုပ်​မှအပသူ့မှာအ​လေးအနက်​ထားစရာမရှိဟု သိသိချင်းကပင်​ soo ရင်​​တွေခုန်​ခဲ့ရသည်​။ soo မြတ်​နိုးစွာချစိ​နေမိ​သော သူ့ထံတွင်​ အ​နှောင်​အဖွဲ့မရှိခြင်း က soo အတွက်​ကံ​ကောင်းခြင်းတရပ်​ဟု ယုံကြည်​မိသည်​။ အခုလည်း soo နဲ့သူ ပြန်​​တွေ့ကြပုံကခပ်​ဆန်းဆန်းရယ်​...*
Flashback end:
       Park Chanyeol ရဲ့ကားကုခံဝန်းကျယ်​ကြီးတစ်​ခုထဲကိုချိုးဝင်​သွား​တော့ soo လည်း​တွေးလက်​စအ​တွေး​လေး​တွေကို ရပ်​ပြီး ​စော​စောက Chanyeol ​မောင်းဝင်​သွားတဲ့ခြံနဲ့ခပ်​​ဝေး​ဝေးမှာ သူမကား​လေးကို ဖြည်းဖြည်း ချင်းရပ်​လိုက်​သည်​။
          *Black Pearl အိမ်​​တော်​ဆိုပါတလား...*
နောက်​ဆုံး​ပေါ်​ခေတ်​မှီ တိုက်​ကြီးက နန်း​တော်​ ကြီးသဖွယ်​ ထည်​ထည်​ဝါဝါနဲ့ ခြံထဲမှာလည်း ​ရေကူးကန်​၊စိမ်းစို​သော ဂျပန်​မြက်​ခင်း နှင့်​ သစ်​ခွရုံ၊ နှင်းဆီ ​ရောင်​စုံ ပွင့်​​နေ​သော ပန်းပင်​​တွေနဲ့ အရိပ်​ရအပင်​​တွေ​ကြောင့်​ မြင်​ရသူတိုင့်​အဖို့ ရင်​​အေး​စေမှာအမှန်​ပါ။
             *ဒါ . . .သူ့အိမ်​​ပေါ့။
Soo ချစ်​ရတဲ့သူက ဒီလိုခမ်းနားကြီးကျယ်​လှတဲ့အိမ်​ကြီးထဲမှာတစ်​​ယောက်​ထည်း​နေတာလား၊​အောင်​မြင်​​သောချမ်းသာကြွယ်​ဝ၍​ယောက်ျားပီသ​သော Park Chanyeol ဆို​သောသူတစ်​​ယောက်​ဘာလိုလအိမ်​​ထောင်​မပြု​သေးတာပါလိမ့်​*ဟု soo မ​တွေးတတ်​​တွေးတတ်​နဲ့​တွေး​နေမိပြန်​သည်​။ *bake ​ပြောသလိုပဲ Chanyeol sshi ကမာနကြီးတာလား၊ ဒါမှမဟုတ်​ သူ့မှာခံစားတတ်​တဲ့နဗလုံးသား​ပျောက်​ဆုံး​နေတာလား*soo ​တော်​​တော်​နဲ့ ခြံနားကမခွာပဲ စဉ်းစားခန်းဖွင့်​​နေစဉ်​ သူမဖုန်း​လေးအသံမြည်​လာမှ စဉ်းစားခန်းပိတ်​လိုက်​ရပြီး
     "Hello"
      "မလာ​သေးဘူးလား soo ရဲ့၊ဒီမှာ တို့အားလုံး​စောင့်​​နေတာနင့်​ကို​မျှော်​ရလွန်းလို့ လည်​ပင်း ​တွေရှည်​ပြီးသစ်​ကုလားအုပ်​ဖြစ်​​နေပြီသိလား" bake အသံစူးစူးအစ်​အစ်​ ​လေးကြားလိုက်​မှပင်​ သူငယ်​ချင်း​တွေကို soo သတိရ​တော့သည်​။
           ########################
Thank for reading
Sartanhae:(EXO-L)

I Want To Live Beside You(ကိုယ်​​နေချင်​တာ မင်းအနားမှာ)Where stories live. Discover now