ကြည်လင်အောင်မြင်သော အသံ ပိုင်ရှင်က soo အနားကိုမားခနဲရောက်လာသည် အရွယ်ကတော့ soo တို့နဲ့ရွယ်တူလို့ထင်ရပေမယ့် မြင့်မားသောအရပ် အသားညိုညို မျက်ခုံးထူထူ နှာတံပေါ်ပေါ် နှင့် မြင်လိုက်ရတဲ့ခဏမှာတင် လူချောတစ်ယောက်မှန်းသိနိုင်သော အမှတ်အသားအပြည့်ပါသောသူကြောင့် soo နှုတ်ခမ်း လေးတင်းတင်းစေ့သွားသည်
" ကျေးဇူးတင်ပါတယ် . . . ကားကအခုပဲ ပြန်ကောင်းသွားမှာပါ "
" ဗျာ "Soo ကစကားကိုကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်ပြောလိုက်တာဖြစ်ပေမယ့် တစ်ဖက်ကကိုလူချောလေးခမျာမှာတော့ soo စကားကို အဓိပ္ပါယ် မပေါက်နိုင်ရှာပဲ soo မျက်နှာလှလှလေးကို တအံ့တသြပြန်ကြည့်နေသဖြင့် soo ပြုံးလိုက်မိသည်
"သြော် . . .ဟို . . .ကားကို soo အခုပဲပြင်လိုက်ပြီလို့ ပြောတာပါ "
"သြော် . . . အဲ့ဒါဆို ကျွန်တော်ကိုခွင့်ပြုပါဦး "
" Nae...ကောင်းပါပြီ"
Soo မျက်နှာကိုတစ်ချက်စိုက်ကြည့်ုပီး အူကြောင်ကြောင်နဲ့ ကားပေါ်ပြန်တက်သွားသော ကိုလူချောကိုကြည့်ပြီး သူငယ်ချင်းနှစ်ယောက် မတိုင်ပင်ပဲပြိုင်တူရယ်လိုက်မိသည်*အရေးထဲအရာပေါ်ဆိုတာ ဒါမျိုးအဖြစ်ကိုများပြောသလားမသိပါ *
"လှတဲ့သူများကြတော့လည်း . . . ဘယ်နေရာရောက်ရောက်ကို ကူညီးပေးမယ့်သူတေ ချည်းပါလားနော် " baek ကရွတ်နောက်နောက်နဲ့ပြောလိုက်တော့
" အဲ့လူတေထဲမှာ Park Chanyeol sshi အမြဲပါရင်ကောင်းမှာပါ...အဟိ"
"အမလေး...ဒေါ်soo ရယ်...ရှင့် Park Chanyeol sshi ကြီးကို ခနထားပါဦး စောစောကတစ်ယောက်ဆို ဘယ်လောက်ချောလဲ ရှင်နဲ့ဆို အရွယ်လည်းညီ ရုပ်လည်းညီ ရှင့်ကိုသေချာကြည့်သွားတာ baek မြင်ပါတယ်နော် "
" မျက်စိ ဆိုတာကြည့်ဖို့ပဲလေ...လှတာမြင်ရင်ကြည့်တာ ဆန်းသလား baek ရယ် "
YOU ARE READING
I Want To Live Beside You(ကိုယ်နေချင်တာ မင်းအနားမှာ)
Random(Chasoo) *normal* Main characters - Park Chanyeol, - Do Kaung Soo