"Soo ကသူနဲ့သိလို့လား"
"သိအောင် လုပ်ရင်သိတာပေါ့"
"ဒုက္ခ ပါပဲဟယ်...ရှင့်ရောဂါကလည်း မသေးပါလား"
"ပြောနေကြာပါတယ် soo သွားတော့မယ် bake မလိုက်ချင်နေခဲ့"
"ဟဲ့... နေဦးလေ ၊ ရှင်သွားမှတော့ ကျုပ်လည်း လိုက်ရတော့မှာပေါ့"
လွယ်အိတ် ကိာဆွဲယူပြီး စိတ်နောက်ကိုယ်ပါ နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည့် Soo ပုံစံလေးက စိန်မြန်လက်မြန် ရှိလွန်းလှ၍ bake မှာ ရင်ဖိနေရသည် Soo ကားပေါ်ကို bake အပြေးလေး တက်ခဲ့ရသည် မလိုက်လို့လည်းမဖြစ် Soo စိတ်ကို bake အသိဆုံး လုပ်ချင်တာဆို လုပ်ကိုလုက်လိုက်ရမှ မှားမှားမှန်မှန် နောက်မှကိုယ်ဖြစ်ကိုယ်ခံမည်ဆိုသည့် လူမျိုး၊ စိတ်ခံစားချက်ကိုဦးစားပေးလွန်းသူဖြစ်သည်။
နေရာမှ ကားလေး ဝေါခနဲ မောင်းထွက်သွား ပြီး ဦးတည်ရာကတော့ Park Chanyeol ရဲ့ အိမ်ကြီးဆီသို့ဖြစ်သည် bake ကတော့ တလမ်းလုံး Soo အကြောင်းတွေးလာမိသည် ယောကျာ်း တွေဆိုတော်ရုံ အထင်မကြီး သူမအနားကို ချည်းကပ် ပြီးသူမ အချစ်ကို ရယူဖို့ကြိုးစားခဲ့ တဲ့လူတွေကို ခံစားချက်မဲ့စွာရယ်မောနေနိုင်ခဲ့သူ ၊ သူမဆီမှာ ချစ်တတ်သော နှလုံးသား ရှိမှရှိပါလေစ ဟုထင်ခဲ့မိသည်အထိနေထိုင်လာခဲ့သော မိန်းကလေး တစ်ယောက် ပြောင်းလဲသွားတော့လည်း ကြောက်မခန်း လိလိပါလား
တစ်လမ်းလုံးတိတ်ဆိတ်လာပြီးမှ တိတ်ဆိတ် မှုကို စတင် ဖြိုခွင်းလိုက်သူက bake ပင်
"Soo"
"ဟင်"
"နင်တော့ ရူးပြီထင်တယ်"
"ဟုတ်တယ် ... ငါလည်း ငါ့ကိုယ်ငါ အဲ့လိုပဲ ထင်နေတယ်"
ပြတ်သားစွာ ဝန်ခံလိုက်သော စကားကြောက်း bake ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်
"ဘယ်အိမ်လည်း Soo"
"အရှေ့က အပြာနုရောင်တိုက်ပဲ ညာဘက်ခြမ်းမှာ"
"သြော် "
Soo က သူ့ကားလေးကို ထို အိမ် ကြီးရှေ့ကဖြည်းဖြည်း ချင်း ဖြတ်မောင်း နေသည်။
"Black Pearl အိမ်တော်ဆိုတော့ Soo နင့်လူကြီးက ကျောက်တွင်းတွေဘာတွေကများလားမသိဘူးနော် "(ဟီးဟီး black pearl နဲ့ ကျောက်တွင်းနဲ့ ဆိုင်လားမဆိုင်လားတော့နော်လည်းမတိဘူး ရမ်းရွှီးထားတာပါ မဆိုင်ရင်လည်း ဆိုင်ပေးကြပါနော် )
"မသိဘူးလေ soo လည်း"
"ခြံထဲမှာ ကားရှိတယ်ဆိုတော့ Park Chanyeol အိမ်ထဲမှာရှိမယ်ထင်တယ်နော်"
"အင်း"
"ခု ငါတို့ဘာဆက်လုပ်ကြမလဲ"
"စောင့်ကြည့်မယ်လေ"
"ဟင် "
ပြောပြောဆိုဆို နဲ့ soo ကသူ့ကားလေးကို ခြံကြီး နဲ့မလှမ်းမကမ်းမှာ ထိုးရပ်ပစ်လိုက်သည့်အတွက် bake မျက်လုံး ပြူးသွားသည်
"ကားကို ဘာလို့ ရပ်လိုက်တာလဲ ၊တော်ကြာ ခြံထဲက လူတွေထွက်လာမှ ပြေးပေါက်မှားနေပါဦးမယ်"(ငဘတ်တို့ များစကားများသလောက်ကြောက်တတ်လိုက်တာလဲ လွန်ရော)
"ဘာမှ ပြေးပေါက်မှားစရာမရှိပါဘူး ကိုယ့်ကားကိုယ်ရပ်တာ ပဲဘယ်နေရာရပ်ရပ်ပေါ့"
Soo ကတော့အေးဆေး ပေမယ့် bake ကတောလကြောက်ဒူးတွေတုန်နေလေရဲ့
အချိန်အတော် ကြာသွားပေးမယ့် ခြံကြီး ထဲတွင် မည်သည့် လူရိပ်လူရောင် မှမတွေ့ရသောကြောင့်
"ကဲ... အခု bake တို့ဘာဆက်လုပ်ပြမလဲ လမ်းပေါ်မှာ ဒီအတိုင်းပဲ အူကြောင်ကြောင် အကြာကြီးနေလို့ မကောင်းဘူးထင်တယ်"
"ကားပျက်ချင်ယောင်ဆောင် ခြံကြီးကိုကြည့် ကြတာပေါ့"
"ခြံကြီး ကို ကြည့်ပြီး ဘာလုပ်မှာတုန်း Soo ရယ်၊ လူကိုလည်းတွေ့ရတာမဟုတ်ပဲနဲ့"
Soo ဆီမှ အဖြေထွက်မလာပဲ အသံတိတ်နေသောကြောင့် bake ကြည့်လိုက်တော့ Soo ကကားအဖုံးကို ဖွင့်ကာ ဟိုကြည့်ဒီကြည့်လုပ်နေသည် ထိုစဉ် Soo ကာူဘေးသို့ ကားတစ်စက်းညင်သာစွာထိုးရပ်လာပြီး
"ကားဘာဖြစ်လို့လဲခင်ဗျ"
"ရှင်" အနောက်ဘက်မှ စကားသံကြားလို့ Soo လှည်ကြည့်လိုက့တော့ ငွေမျှင်ရောင် ကားလေးထဲမှ လူတစ်ယောက်ထွက်အလာနဲ့ ကြုံမိသွားသည်
"သြော်... ကားတစ်ခုခုဖြစ်ရင်ကျွန်တော်ကြည့်ပေးမလို့ပါ"
ကြည်လင် အောင်မြင် သောအသံပိုင်ရှင်က Soo ဘေးသို့မားခနဲရောက်လာသည်
#####*#########*######
တိုသွားတာ jinja mian ပါ ဒိတ်တာကလည်းနောက်ကျသေး တိုကလည်းတိုသွားလို့ ရိုးလွှတ်ပေးကြပါလို့ နော်လည် ခုတလော ခေါင်းတွေခနခနကိုက်နေလို့ မ type ဖြစ်တာပါ နေကလေအရမ်းပူတယ်နော် gu တို့လည်း ဂရုစိုက်ကြနော် နေပူထဲသိပ်မထွက်ကြနဲ့. ရာသီဥတု ကတော်တော်လေးကိုပူ နေတာ ကွီးယား သွားကြမယ်လေ လိုက်ကြမလား😁😁
YOU ARE READING
I Want To Live Beside You(ကိုယ်နေချင်တာ မင်းအနားမှာ)
Random(Chasoo) *normal* Main characters - Park Chanyeol, - Do Kaung Soo