ဒီ Book လေးရေးဖြစ်တာ တလကျော်ပြီပေါ့ နော် ~
ခုချိန်ထိ ဖတ်ပေးကြတဲ့သူတွေ Vote ပေး ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါ တယ် .......ဟီး ... နည်းနည်းလောက်ခံစားချက်လေး တွေရေးချပြချင်လို့ပါ ~ ~
တခါတလေ စဉ်းစားမိတယ် သူ့ကိုဘာလို့ ဒီလောက်ထိချစ်မိခဲ့လဲ ဆိုပြီး ~ ~
သူ့တွက် ဘာများလုပ်ပေးနိုင်ခဲ့လဲ ?
သူ့တွက်ဘာတွေပေးဆပ်ခဲ့လဲ ?
သူ့တွက် ဘာတွေရင်ဆိုင်ခဲ့လဲ ?ဒါတွေအားလုံးအားလုံးကိုတွေးကြည့်ပါရဲ့ ...
နောက်ဆုံးအဖြေကတော့ ငါဘာမှမလုပ်ပေးနိုင်ခဲ့ဘူးပဲ ဆိုပြီးတွေးမိလာတယ် ....ခုလာမေးကြည့်ပါ သူ့တွက်ဒီစာအုပ်လေး ရေးတာ သူ့အကြောင်းဘယ်လောက်သိလို့ လဲလို့ ...
အမှန်တော့လေ တကယ်သူ့အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်မသိတဲ့သူတယောက်ပါ ......
ခံစားချက် !
ခံစားချက်ဆိုတဲ့ အရာတခုတည်းနဲ့ သူ့ကို ချစ်နေရတာပါ ....သူ့တွက် Support ပေးနေတဲ့ Fansite က တင်သမျှ ပုံလေးတွေကို Save , ပီးရင်ဖုန်း ထဲမှာသိမ်း ပီး တနေ့တခေါက်လောက်ပြန် ကြည့်ဖြစ်တာလေးပဲ သူ့တွက်လုပ်ပေးနိုင် ပါရဲ့ ~
တရံတခါ ပြသနာတွေကြုံလာတဲ့ခါ
အိမ်ကငြို ငြင်လို့ဖြစ်ဖြစ် စိတ်ဓာတ်ကျမိတဲ့ ခါတွေ / တခြားသူတွေပြောကြတယ် ...
နင်ကသာ ခုလိုသူ့ကိုချစ်တယ်ဆိုပြီးထိုင် အော်နေတာ ဟိုက သိမှာတောင်မဟုတ်ဘူး တဲ့ ..... အဲ့လို ကိစ္စရပ်လေးတွေကြောင့်
သူ့ကို စွန့်လွှတ်ဖို့အတွေးမှားတွေနဲ့
ကြိုးစားကြည့် ဖူးတယ် ...
အတွေးကတော့ ငါတက်လမ်းတွက်ပဲဂရုစိုက်တော့မယ် ဒါတွေကိုကြိုက်နေမိတာ အလကား ပါဆိုပြီးတော့ .....ဒါပေမဲ့လဲ မဖြတ်နိုင်ပါဘူး သံယောဇဉ်ဆို တာ လွယ်လွယ်ဖြစ်တည်ခဲ့တာမှမဟုတ် တာ....
အိမ်မက်တွေရှိပါရဲ့ ~
သူရှေ့မှာ သူ့တွက်ရည်စူးတဲ့ Banner လေး ကိုင်ပီး သူ့ကိုအားပေးတဲ့သူတယောက်ရှိ ကြောင်းကို ပြချင်တာ .....
ပွဲတွေမှာ သူ့ Banner လေးတွေတွေ့တဲ့ခါ အရမ်းအားကျမိတာ
ပီးတော့ အဲ့ Banner လေးတွေကိုင်တဲ့သူ က ဘယ်သူဘယ်ဝါမှန်းမသိတာတောင်
ရှစ်ခိုးမတတ်ကျေးဇူးတင်မိတာ ....အဲ့ Banner လေးတခုကလဲ သူ့တွက်အား ဖြစ်စေမယ်မလား?
~
အလုပ်တခုခုကိုလုပ်နေရင်းအားလျှော့မိ လာတဲ့အခါဆိုသူ့နာမည်လေးရည်ရွတ်မိ တယ် Park ChanYeol ဆိုပြီး ...
အဲ့လိုချိန်ဆိုရင်လေ ဘယ်ကဘယ်လို အားတွေရလာလဲမသိ .....
တကယ် သူ့နာမည်လေးရေရွတ်လိုက်တာ နဲ့ ယုံကြည်ချက်တွေရှိလာတာ ....
အနော် မကြာခင်က အစားလုံးဝမစားနိုင် လို့ အားမရှိသလို ဖြစ်ပီးအမြဲမူးနေတတ် တာ ....
ထဖို့အားယူတိုင်း ချာချာလည်သွားတာ ...
အဲ့ချိန်လေ သူ့နာမည် ရေရွတ်ပြီး အတင်း ထကြည့်တယ် ....
အဲ့ခါကျတော့ ထလို့ရပါရဲ့ .........ကိုယ်ပေါ်မှာအာ့လောက်ထိသူစိုးမိုးသွားခဲ့ တာ ~ ~
< ဒါအမှန်တရားတွေကြီးပါပဲ ~ ~ >
ခံစားချက်ခြင်းတူတဲ့သူတွေဆို အနော့် နေရာ ကိုကိုယ်ချင်းစာမိမယ်ထင်ပါတယ် ..ခုတလောလေ သူ့ပုံလေးတွေမြင်တာနဲ့
အရင်လို ချစ်တယ် / ချောလိုက်တာ / ပြည့်စုံ လွန်းတယ် ... အဲ့လိုစကားတွေမပြောဖြစ် တော့ဘူး ...
သူ့ပုံမြင်တာနဲ့ တခွန်းမှ မပြောချင်ဘဲ မျက်ရည်ပဲဝဲလာတာ ....
ငိုချင်လာတာ ဘာခံစားချက်လဲ လို့မေးလာ ရင်သိမှာမဟုတ်ဘူး !သူ့ကိုကြည့်နေရင်း ငိုချင်လာတာ
ပျော်လို့လဲမဟုတ် ဝမ်းနည်းလို့လဲ မဟုတ်ဘဲ နဲ့လေ ~~မျက်ရည်ကျလောက်အောင်ချစ်တယ်ဆို တာ ဒါမျိုးထင်ပါရဲ့ ......
ဟီး....
ခံစားချက်တွေ .......