The Celebrity Magazine;Fall 2017 Issue Chanyeol's Interview (Part-1)
Q: ရှင့်မှာ အကောင်းဆုံးအရာတွေချည်းပဲဖြစ်လာမယ်ဆိုတာ ယုံကြည်တဲ့စိတ် (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့စိတ်) ကတော်တော်ပြင်းထန်တာပဲ။ အဲ့စိတ်ကိုချိုးဖောက်ချင်စိတ်များ ဖြစ်ခဲ့ဖူးလား။
CY:ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် ငါ့ရဲ့ထက်မြတ်မှုနဲ့ ငါ့ရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်ကဲတဲ့ပုံစံက ငါရေးချင်တဲ့သီချင်းတွေကို လုံလောက်တဲ့အချက်အလက်တွေ idea တွေပေးနိုင်မယ်လို့ထင်ခဲ့ဖူးတယ်။ အဲ့တာကြောင့်အဲ့လိုပုံစံကနေခွဲထွက်ခဲ့တယ်။ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ အဲ့လိုမျိုးအကြောင်းတွေမတွေးပဲ သီချင်းတွေ ရေးစပ်တယ်။ဒီလို သီချင်းအမျိုးအစားတွေကြိုက်နှစ်သက်သူတွေအတွက် ဒါကသတ်မှတ်ချက်တစ်ခုဖြစ်မယ်ထင်တယ်။ ကျွန်တော်ဒီလိုမျိုးအတွေးတွေနဲ့ပဲ ကျွန်တော့် ဘဝကို သက့်တောင့်သက်သာ နေထိုင်တယ်။
(CY ဖြေခဲ့တဲ့စကားလုံးအသုံးအနှုန်းတွေက admin လိုက်မမီအောင်မြင့်လွန်းအားကြီးတဲ့အတွက် ဘာသာပြန်တာအမှားအယွင့်ရှိရင် ခွင့်လွှတ်ကြပါရန်🙏)Q: ရှင်ငယ်ငယ်တုန်းက ကြွက်ထောင်ခြောက်ထဲက ကြွက်လေးကိုမွေးစားချင်လို့ ရှင့်အမေကိုသွားပြောတာ အဆူခံလိုက်ရတယ်လို့ ကျွန်မကြားတယ်။ရှင်က အကောင်လေးတွေကိုချစ်တတ်တာလား။
CY: အကောင်လေးတွေက ကျွန်တော့်ရဲ့ မိသားစုလိုပဲဖြစ်နေပြီ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော့ Tobenလေးကို အချိန်မပေးနိုင်လောက်အောင်အလုပ်ရှုပ်နေတယ်ဗျာ။ ဒါပေမယ့် ကျွန်တော် ကျွန်တော့်မိဘအိမ်ကို ပြန်ဖြစ်ရင်တော့ ကျွန်တော့်ခွေးနဲ့ကျွန်တော်ကစားဖြစ်ပါတယ်။ ကံမကောင်းတာတစ်ခုက ကျွန်တော်က ကြောင်အမွှေးနဲ့ allergy ရှိလို့ ငယ်ငယ်တုန်းကကြောင်မွေးချင်တာတောင် မမွေးရဘူး။ဒါကြောင့် ကျွန်တော်ဂရုစိုက်နေရတယ်လေ။