All or Nothing

476 21 9
                                    


Character - Jay Park , CL, G Dragon
Type - Fluffy, Agnst

(Zawgyi)

"ကိုယ်မလာလို့ မဖြစ်ဘူးလား Chaeရယ်။"
သူစိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုတ်မိသည်။ AON after party ကို ChaeRin က သူ့ကို အရမ်းလာစေချင်မှန်းသိပေမယ့် သူ့စိတ်ထဲမှာ မတင်မကျဖြစ်နေဆဲ။ တကယ်ဆို သူ့ရင်ထဲမှာ ပူပန်နေတာတွေကို Chaeမသိနိုင်။

2NE1 ရဲ့ 2014 အတွက် ပထမဆုံး World tour ရဲ့ after party ဖြစ်လို့ သူတို့ YG က လူတွေ အကုန်နီးနီးတက်ကြမှာ ကျိန်းသေနေတာမို့ သူရင်မဆိုင်ချင်တာတွေ ရှိနေသေးသည်။

"Honey please. Chae ဘေးမှာ ရှင့်ကို ရှိနေစေချင်တယ်။ Chae သွားရတော့မယ်။ ဟိုမှာစောင့်နေမယ်။"

လောလောနဲ့ပြောပြီး ဖုန်းချသွားတဲ့ ChaeRin ကို သူမလာချင်တဲ့ အကြောင်းပြချက် ဖြေရှင်းချက်ကို ဘယ်လိုပေးရမလဲ။

သူစိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကို စားပွဲပေါ်ပစ်တင်ပြီး mixer ရှေ့က ဆုံလည် ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ရင်း ခေါင်းရှုပ်နေမိသည်။ တီးလက်စ သီချင်းတပုဒ်ကို ပြန်ဖွင့်ပြီး လိုင်းတွေ ရှင်းရင်း အချိန်ဆွဲနေမိသည်။ စိတ်မပါပဲ တီးတဲ့ ဒီသီချင်းက ဘယ်နည်းနဲ့မှတော့ ကောင်းမလာနိုင်။
သူ့ဖုန်းမြည်လာလို့ ထကိုင်တော့ ဖုန်းမျက်နှာပြင်မှာပေါ်လာတဲ့ နံပါတ်ကို ကြည့်ပြီး သူမျက်ခုံးပင့်သွားရသည်။

"Park JaeBeom-sshi ရှင်ဒီညလာဦးမှာလားဆိုတာ သိချင်လို့ပါ။"

သူဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ နောက်က တီးလုံးသံ ဆူဆူညံညံကို ကျော်အောင်အော်ပြောနေရတဲ့ Park Bom ရဲ့ အသံစာစာက နားထဲ သံချွန်နဲ့ထိုးလိုက်သလို။

"--------------"

သူဘာမှမပြောရသေးခင်မှာကို တဖက်က သူပြောမယ် ငါပြောမယ်နဲ့ ဖုန်းလုနေတဲ့ အသံ။ ပြီးတော့ Dara ရဲ့ "JaeBeom-ah မြန်မြန်လာ ပါတော့ ChaeRin နင့်ကိုမျှော်နေတယ်။"

ဆိုတဲ့ အဝေးက လှမ်းအော်သံနဲ့ ဖုန်းကျသွားသည်။
မတတ်နိုင်တော့ တွေ့တဲ့ ဂျာကင်တထည်ကို စွပ်ကျယ် အမဲပေါ်က ထပ်ဝတ်ပြီး သူအမြန်ထွက်ခဲ့ရသည်။

After Party လုပ်နေတဲ့ The A ရဲ့ အနောက်ပေါက်နားမှာ သူ့ BMW ကို ရပ်ထားခဲ့ပြီး ChaeRin ဆီဖုန်းဆက်လိုက်တော့ သူ့မန်နေဂျာ Kang က ဖုန်းကိုင်ပြီး ခုပဲထွက်လာခေါ်မည်ဆိုသည်။

CL Fanfics CollectionDonde viven las historias. Descúbrelo ahora