Stateless Things

353 16 0
                                    


Character - CL, Dara , Jung JoonYoung
Type - Agnst, Psycho, violence (16+)**, One Shot

(Zawgyi)

Chae ဆံနွယ်တွေကြားကို တိုးဝှေ့လာတဲ့လေထဲမှာ ပင်လယ်ပြင်ကလာတဲ့ ဆားနံ့နဲ့ စိုထိုင်းအေးစက်နေသည်။ တိမ်မည်းတွေကြားထံက အလင်းပျောက်နေသည့် ညနေခင်းကောင်းကင်ကို ကြည့်ရင်း Dara ဆီက သက်ပြင်းချသံတိုးတိုးထွက်လာသည်။

"မုန်တိုင်းလာတော့မယ်။"

ဒါပေမယ့် Chae တို့ ၂ယောက်လုံးနေရာက မရွှေ့ပဲ ဒေါသတကြီးလှိုင်းထန်နေသည့် ပင်လယ်ပြင်ကို ငေးနေမိသည်။ ဒီလို မုန်တိုင်းတိုက်ခတ်တဲ့ တနေ့မှာပဲ သူ Chae တို့ ၂ယောက်ဘ၀ထဲ ၀င်လာခဲ့သည်။ ပြီးတော့ ဒီလိုနေ့မှာပဲ ပြန်ထွက်ခွာသွားသည်။

----------------------------

တိမ်မည်းတွေပြည့်နေတဲ့ ကောင်းကင်နဲ့ မိုးစက်တွေကို မော့ကြည့်ရင်း Chae သက်ပြင်းချမိသည်။ ဒီလိုခဏ ခဏ မုန်တိုင်းတိုက်တာနဲ့ အသားကျနေပြီဆိုပေမယ့် အမြဲတမ်းသာမုန်တိုင်းတိုက်နေမယ်ဆို Chae တို့ ဘားကို လူဘယ်ဝင်တော့မလဲ။ စိတ်ပျက်လက်ပျက်နဲ့ ဘီယာတစ်လုံးဖွင့်သောက်ပြီး တံစက်မြိတ်မှာ ချိတ်ထားသည့် ပန်းအိုးတွေ မိုးရေနဲ့ လေကြားမှာ လှုပ်ယမ်းနေတာကို အဓိပ္ပါယ်မဲ့ငေးနေမိသည်။

ခေါင်းလောင်းသံလွင်လွင်နဲ့အတူ ဆိုင်တံခါးကို တွန်းဖွင့်ပြီး Dara ၀င်လာသည်။ တစ်ယောက်ထဲတော့မဟုတ်။ အနောက်မှာ လူတစ်ယောက် ပါလာသည်။ သူဝတ်ထားသည့် စွပ်ကျယ်ပွပွက မိုးရေနဲ့ရွှဲပြီးကိုယ်မှာ ကပ်နေသည့်အတွက် သူ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က ပိုသိသာနေသည်။ ဆံပင်ရှည်ရှည်တွေက မိုးရေစိုပြီး ရွှဲကပ်နေသည်။

"မုန်တိုင်းက တော်တော်ဆိုးတာပဲ။"

Dara က မိုးရေရွှဲနစ်နေတဲ့ ထီးကိုဆိုင်ထောင့်မှာ ထောင်ရင်း ညည်းညည်းညူညူပြောပြီး ရေသုတ်ဖို့ ဘားအနောက်ထဲ တဘက်ဝင်ယူချိန်မှာ Chae မျက်လုံးက သစ်သားကြမ်းခင်းပေါ်မှာ အိုင်ထွန်းနေတဲ့ ရေကွက်ကိုပဲ ငေးကြည့်နေမိသည်။

အဲ့ဒီနေ့က မိုးတိတ်ပြီး သူတို့ ၂ယောက်ပြန်ထွက်သွားတဲ့အထိ Chae အပြင်ကိုငေးရင်း တိန်ဆိတ်နေမိသည်။ ဘာရယ်ကြောင့်မှန်းမသိ မိုးရွာတာကို မရပ်စေချင်ခဲ့။

CL Fanfics CollectionDonde viven las historias. Descúbrelo ahora