Morning

1.1K 44 6
                                    

Character - Bobby x CL and iKON
Type - Fluffy, One Shot

(Zawgyi)

မန၈် ၄နာရီ YG ၄လွှာ၏ စင်္ကြန်တွင် Air jordan ဖိနပ် တစ်ရံနှင့် ကြမ်းပြင် ကြွေပြားတို့ ထိမိသည့် အသံခပ်ဖွဖွမှလွဲ၍ တိတ်ဆိတ် ငြိမ်စက်နေသည်။

လူသူကင်းမဲ့နေသည့် အဆောက်အအုံထဲမှာ လျှောက်သွားရင်း ခေါင်းက ဖွာလန်ကျဲနေသည့် ဆံပင်ကို တချက်သပ်ရင်း Bobby သန်းလိုက်သည်။

သူ ကောင်းကောင်းမအိပ်ရသည်မှာ ၃ရက်လောက်ရှိပြီ။ ဒီညလည်း အရင်ညတွေလိုပဲ recording ခန်းထဲမှာပဲ မိုးလင်းတော့မည်ထင်သည်။
စိတ်ကူးထဲမှာ မနက်ကို အခန်းပြန်အိပ်မယ့် အစီအစဉ်ကိုလဲ ဖျက်လိုက်ရသည်။

သူဆိုရမယ့်အပိုင်းမပါပေမယ့် HanBin တစ်ယောက်တည်းကိုတော့ ကျန်တဲ့ ကလေးတွေနဲ့ လွှတ်ထားလို့မဖြစ်။ ဒီ Mr. Perfect ရဲ့ စိတ်ကြိုက်မရမချင်း ဇွတ်မောင်းတဲ့ ဒဏ်နဲ့ ဟိုကောင်တွေရူးရင်ရူး။ မရူးရင် HanBim ရူးသွားနိုင်သည်။

တနေ့ညကတင် DongHyuk ငိုသွားပြီးပြီ။ ဒီနေ့ညလဲ သီချင်း တစ်ကြောင်းထဲကို အခါတစ်သောင်းလောက် ပြန်ဆိုနေရလို့ JunHoe က အော်နေပြီ။ Debut ဖို့ နီးလာလေလေ စားဖို့ အိပ်ဖို့တောင် မေ့အောင် အလုပ်များလေလေနဲ့ မနက်ဖြန်ညတော့ အားလုံး အခန်းပြန်အိပ်ဖို့ JinHwan ကို ဇွတ်ပြောခိုင်းမှရမည်။ မဟုတ်ရင် သဘက်ခါရိုက်မယ့် သူတို့ရဲ့ ပထမဆုံး album အတွက် Jacket Photo မှာ အကုန်လုံး အရိုးပဒေသာ မျက်တွင်းဟောက်ပက် ဖြစ်နေတော့မည်။

သက်ပြင်းချရင်း ဓာတ်လှေကားခလုတ်ကို လက်သီးနဲ့ တချက်ထုပြီး အေးစက်စက် နံရံမှာ တစောင်းကပ်မှီပြီး ငိုက်နေရင်း ဓာတ်လှေကား ဆင်းအလာကိုစောင့်နေလိုက်သည်။ ၇လွှာက ဆင်းလာသည့် ဓာတ်လှေကား သူ့အထပ်မှာ ရပ်ပြီး အသံတချက်မြည်ပြီး တံခါးပွင့်သွားတော့မှ မျက်စိဖွင့်ပြီး ဓာတ်လှေကားထဲ အမြန်ပြေးဝင်လိုက်တော့ အထဲမှာ လူတစ်ယောက် ပါလာပြီးသား။
အိပ်ချင်မူးတူးနှင့် ကျိန်းစပ်နေသည့် သူ့မျက်လုံးတွေ လင်ကွင်းလောက်ပြူးသွားသည်။ (စကားအဖြစ်ပြောတာပါ။ အမှန်ကတော့ ဒီလောက် မျက်လုံးမှေးမှေးက ဘယ်လိုလုပ်ပြီး လင်ကွင်းလောက် ပြူးမလဲ။)

CL Fanfics CollectionDonde viven las historias. Descúbrelo ahora