Stealer

343 17 2
                                    


Character - Kang SeungYoon x CL
Type - Agnst, Romance

(Zawgyi)

"ကြယ်ကြွေခဲ့ရင် ဘာဆုတောင်းမလဲ"

အဲ့ဒီမေးခွန်းကို မေးခဲ့စဉ်က သူဘာမှမစဉ်းစားပဲ ချက်ချင်းပြန်ဖြေခဲ့ဖူးသည်။

"ကျွန်တော်တို့ အဖွဲ့ အောင်မြင်စေချင်တယ်။"

တကယ်လို့သာ ယခုလို အခြေအနေကို သူကြိုမြင်ခဲ့ရင် သူ့ဆုတောင်းက တစ်မျိုးဖြစ်ခဲ့လိမ့်မည်။

--------------------------------

YG ရဲ့ အပေါ်ဆုံးခေါင်မိုးလဟာပြင်ကို သူတို့က အာကာသ ဟင်းလင်းပြင်လို့ နာမည်ပြောင်ပေးထားကြသည်။

အမိုးမရှိ အကာမရှိ ညဆိုလျှင် ကောင်းကင်တစ်ခုလုံးကို ကြယ်စုံ လစုံဟင်းလင်းမြင်နေရသည်။ နောက်တစ်ခုက အဆောက်အဦးတစ်ခုလုံး CCTV တွေနဲ့ ပြည့်နေသည့် YG မှာ ဒီတနေရာသာ လွတ်လပ်နယ်မြေ။ ဒီတော့လည်း ခိုလှုံကြသူများသည်။

အာကာသ ဟင်းလင်းပြင်မှာ သူနှင့် တည့်တည့်တိုးဖူးတဲ့ ဒုက္ခသည် ကိုက မနည်း။ ရည်းစားနှင့် ဖုန်းဆက်ပြီး ရန်ဖြစ်နေသည့်  Teddy၊ သီချင်းတိုက်ရမယ့် အချိန် ခိုးထွက်လာပြီး ဂိမ်းနှိပ်နေသည့် TaeYang၊ ပြောင်းဖူးတစ်ဖူး အိတ်ကြီးတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ Park Bom၊ Crazy က ကောင်မလေးတစ်ယောက်နဲ့ နမ်းနေတဲ့ Donny တို့ကအစ စိတ်ဖိစီးတဲ့ ဒဏ်မခံနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးလိပ်လာခိုးသောက်နေတဲ့ သူတို့ maknae Nam TaeHyun အထိပါသည်။

ဒါပေမယ့် သူမကိုတော့ ဒီနေရာမှာတစ်ခါမှ မတွေ့ဘူးသလို တွေ့ရလိမ့်မယ်လို့လဲ မျှော်လင့်မထား။

စတူဒီယိုထဲမှာ တစ်ညနှင့် တစ်ရက်တိတိ လှောင်ပိတ်မိနေအပြီးမှာတော့ လေကောင်းလေသန့်ရှူဖို့ဆိုပြီး သူခေါင်မိုးပေါ်တက်လာခဲ့သည်။ ညနက်နေတာကော မိုးဖွဲဖွဲကျနေတာကောကြောင့်  ခေါင်မိုးပေါ်မှာ လူမရှိလောက်လို့ တွေးထားတဲ့ သူ့နားထဲကို ရှိုက်သံသဲ့သဲ့က ရိုက်ခတ်လာသည်။ ပုံမှန်ဆို မကြားနိုင်ပေမယ့် တိတ်ဆိတ်လွန်းတဲ့ညမှာတော့ သူ့အတွက် သိသာနေသည်။ အသံလာရာ လိုက်ရှာကြည့်တော့ အမှောင်ရိပ်ကျနေတဲ့ ၀ရန်တာ လက်ရမ်းကို မှီရင်းရပ်နေတဲ့ အရိပ်ကလေးတစ်ခု။ သူမရဲ့ မှတ်မိလွယ်တဲ့ ကောက်ကြောင်းနဲ့ ဆံပင်ဝါ၀ါတွေကြောင့် သူအံ့အားသင့်သွားသည်။ သူမလို မာကျောလွန်းတဲ့ အမျိုးသမီးမှာလည်း ငိုဖို့ အကြောင်းရှိသေးတယ်ပေါ့လေ။

CL Fanfics CollectionDonde viven las historias. Descúbrelo ahora