King Maker

335 13 0
                                    


Character - G Dragon, CL, T.O.P, Park Bom
Type - One shot, historical, angst

(Zawgyi)

အဝင်ဝကိုရောက်တာနဲ့ သူမြင်းပေါ်ကနေခုန်ချပြီး ကျောက်သားလှေကားထစ်တွေကို အမြန်ပြေးတက်ကာ ရဲတိုက်ထဲပြေးဝင်လာခဲ့သည်။ လက်ထဲမှာသွေးတွေနဲ့ စီးကပ်နေတဲ့ ဓါးကို စင်္ကြံထောင့် တစ်ဖက်ကို ဒေါသတကြီးနဲ့ အားကုန်လွှင့်ပစ်လိုက်တဲ့ သူသွားနေရာ လမ်းတစ်လျှောက်မှာ ဘယ်သူမှ မနေရဲ မတားရဲ။ အားလုံးက သူ့ကို မြင်တာနဲ့ ဒူးထောက်ပြီး ပြားပြားဝပ်နေကြရသည်။

"ChaeRin ဘယ်မှာလဲ။"

ChaeRin လက်စွဲ အပျိုတော်တစ်ယောက်ကို ပုခုံးက ဆောင့်ဆွဲပြီးမေးတော့ ဟိုက တုန်တုန်ယင်ယင်နဲ့ အသံတောင် မထွက်နိုင်ပဲ စာကြည့်တိုက်ဘက်ညွှန်ပြသည်။
သူ့နောက်ဘက်က အပြေးလိုက်လာသည့် ရဲဘော်တွေကို လက်ကာပြပြီး သူတစ်ယောက်တည်း စာကြည့်တိုက်ဘက်ကို ခြေလှမ်းကျဲတွေနှင့်ထွက်လာခဲ့လိုက်သည်။

မဲနက်နေသည့် ရဲတိုက်ကြမ်းပြင်တစ်လျှောက်လုံး သူ့ဖိနပ်ကရွှံ့ဗွက်တွေနှင့် ညစ်ပတ်ကျန်ခဲ့သည်။

စာကြည့်တိုက်ရဲ့ ဝက်သစ်ချတံခါးကို ခြေနှင့်ဆောင့်ကန်ဖွင့်လိုက်တော့ အခန်းတစ်ခုလုံး အမွှေးနံ့သာနံ့တွေနှင့်ပြည့်နေသည်။ အခန်းထောင့် တစ်ဖက်မှာ အရိုးခေါင်းတွေ ဖယောင်းတိုင်များစွာနှင့် နှင်းဆီဖတ်တွေ၊ တိရစ္ဆာန် အရိုးအရေနှင့် သွေးခွက်တွေအလည်မှာ အနက်ရောင် ဝတ်ရုံခြုံထားသည့် မိန်းမတစ်ဦးထိုင်နေသည်။ သူမရဲ့ နှင်းလိုဖြူဆွတ်နေတဲ့ အသားအရည်နှင့် ဆံပင် နီနီရဲရဲက အနက်ရောင်ဝတ်စံကြောင့် ပိုထင်းလင်းနေသည်။

"ထွက်သွားစမ်း"

စစ်မြေပြင်ကပါလာသည့် ဒေါသတွေနဲ့ တိရစ္ဆာန်စိတ်မကုန်သေးတဲ့ သူက ဝင်ဝင်ခြင်း အနားမှာတွေ့တဲ့ စားပွဲပေါ်က ပစ္စည်းတွေ အားလုံးကို ဆွဲလွှင့်ပစ်ပြီး အော်ငေါက်လိုက်တဲ့ သူ့စကားသံအဆုံးမှာ အဲ့ဒီမိန်းမက လေလို လျှင်မြန်တဲ့ အရှိန်နှင့် အခန်းထဲက ထွက်သွားသည်။ သူမရဲ့ မခိုးမခန့်ရီသံကသာ အခန်းထဲမှာ ပျံ့ကျန်ခဲ့သည်။

"ChaeRin. . . ChaeRin"

နာမည်ကို တကျော်ကျော်အော်ခေါ်ရင်း စာကြည့်တိုက် အစွန်းတဖက်က ပန်းချီကားနောက်ကွယ်က လျှို့ဝှက် တံခါးချပ်ကို တွန်းဖွင့်ပြီး သူပြေးဝင်လိုက်သည်။
ဒီအခန်းက စာကြည့်တိုက်ထက် ပိုကျဉ်းသလို လိုက်ကာအပြည့်ချထားသည့် ပြတင်းပေါက်တွေကြောင့် ပိုမဲမှောင်နေသည်။ အခန်းတစ်ဖက်နံရံကိုကပ်ထားသည့် စားပွဲပေါ်တွင် မြေပုံတွေ မြေပြင်ပုံတူတွေနှင့်ပြည့်နေပြီး အဲ့ဒီအနောက်ဖက်မှာ ကိုယ်ကျပ် သားရေ စစ်ဝတ်စုံ အပြည့်နှင့် ခါးမှာ ဓါးရှည် တစ်လက်ချိတ်ထားပြီး လက်ပိုက်ရပ်ရင်း သူမရှေ့က သွေးတွေပေကျံနေသည့် မြေပုံကို ကြည့်နေတဲ့ ရွှေဝါရောင်ဆံပင်တွေနဲ့ မိန်းမတစ်ယောက်။

CL Fanfics CollectionDonde viven las historias. Descúbrelo ahora