Episode__3

5.9K 497 13
                                    


"အကို ​လေး စာ​ရောက်​​နေတယ်​"

"ဘာစာပါလိမ့်​"

စာအိတ်​​ပေါ်က တံဆိပ်​တုန်းကိုအမြင်​မှာ သူမျက်​ခုံးပင့်​မိပီ

အထဲမှစာ​တွေကိုဖတ်​ကြည့်​ပီး​နောက်​မှာ​တော့

"Park Chanyeol"

သူ့အသံ​တော်​​တော်​ကျယ်​သွားသည်​..

သို့​ပေမယ့်​ Chanyeol က​တော့ သူ့​ရှေ့​ရောက်​မလာ...

"Hey Chanyeol ဘယ်​မှာလဲ သွား​ခေါ်စမ်း"

ဒေါသ​ကြောင့်​ အသား​တွေပါတုန်​လာသည်​..
လူဆိုး​ကောင်​ ... စာ​မေးပွဲကျလို့ မိဘ လက်​မှတ်​လိုက်​ထိုးရမယ်​တဲ့ မားမားတို့ပါးပါးတို့မရှိ​တော့ သူပဲလိုက်​ထိုး​ပေးရ​တော့မည်​​ပေါ့...

ကြည့်​စမ်း ​ကံကြမ္မာကို ကြိုမမြင်​​သော ခ​လေးစုတ်​က ခုန်​​ပေါက်​ပီး တတ်​လာသည်​...

ဘယ်​​လောက်​​တောင်​ ​ဆော့ထားသည်​မသိ အကျီမှာပါ မြက်​​ခြောက်​​တွေကပ်​​နေသည်​...

Chanyeol မြင်​​အောင်​စာအိတ်​ကိုစားပွဲ​ပေါ်ပစ်​ချလိုက်​​တော့မှ အလန့်​တကြား ဖြစ်​သွားသည်​...

"ဒါကဘယ်​လိုဖြစ်​ရတာလဲ Park Chanyeol ရှင်းပြစမ်းပါအုံး"

Kris က စိတ်​တို​နေပုံရကာ ခါး​ထောက်​ပီး​ပြော​နေပုံက တည်​ငြိမ်​​သော Cool Guy ပုံ​ပျောက်​ကာ ဆူပူတတ်​သည့်​အဘွားကြီးလိုလို...

Chanyeol မရယ်​မိ​အောင်​ နှုတ်​ခမ်းကိုက်​ထားရင်းမှ

"တစ်​ဘာသာထဲ ကျတာပါ hyung"

"တစ်​ဘာသာ​ရော ကျစရာလားကွ မင်း​တော်​​တော်​အသုံးမကျပါလားကွ"

အသုံးမကျတာ...
မေ​မေ​တောင်​ တခါမှ အဲ့လိုမ​ပြောဘူး​ပေ...
ဝမ်းနည်းစိတ်​ကလှိုက်​တတ်​လာ​သည်​....

"​ဒီအရွယ်​မှာ ​ကျောင်းသားတစ်​​ယောက်​ လုပ်​နိုင်​တဲ့ပမာဏကိုပဲ ​ကျောင်းကသင်​တာ ဒါကို​တောင်​မင်းက ကျ​အောင်​​ဖြေတယ်​ဆို​တော့ မင်း​တော်​​တော်​အသုံးမကျလို့ပဲ"

Kris သူ့ကို​တော်​​တော်​အထင်​​သေးတာပဲ

အထင်​ကြီး​စေချင်​တာမျိုးမဟုတ်​​ပေမယ့်
ဒီ​လောက်​အပြစ်​​လေးကို hyung နားလည်​​ပေးမယ်​ ထင်​ထားခဲ့တာ...

Our Relationship Where stories live. Discover now