Ep..9 (Final)

9K 592 34
                                    

အင်း... ဒီချိန်​ဆို ခ​လေး စာမွဲ​ဖြေပီးလို့​နောက်​တချိန်​အကူးပါလား...

ပျင်း​နေ​လောက်​ပီထင်​ပါရဲ့....

ချစ်​မိ​တော့လဲ ခန​လေးခွဲရတာ​လေးကိုလွမ်းလိုက်​တာ...

အင်း ထိုင်​​နေလို့​တော့ အလွမ်းမ​ပြေနိုင်​ဘူး ခန​လေးပဲဖြစ်​ဖြစ်​ သွား​ချောင်းကြည့်​အုံးမှပါ​လေ...

ကိုယ့်​အ​တွေးနဲ့ကိုယ်​ သ​ဘောကျကာ ပြုံးပီး​လျှောက်​လာ​နေစဉ်

"​ဟော"

လှေကားထိပ်​မှာ သူ့ရဲ့ခ​လေး​လေး..

ဘာလုပ်​​နေပါလိမ့်

Chanyeolနဲ့ကွယ်​​နေသဖြင့်​ Honeyကို မမြင်​ရ​သေး..

Chanyeol တဖြည်းဖြည်း ​နောက်​ဆုတ်​လာ​တော့

"ခ​လေး ပြုတ်​ကျမယ်​​လေ"

ထိုအခါမှဖယ်​လိုက်​သလိုဖြစ်​သွားကာ Honeyကိုမြင်​လိုက်​၍ အံ့သြ​နေစဉ်​မှာပဲ..

"ဟာ"

သူ့မြင်​ကွင်းထဲမှာ Honey​ဆောင့်​တွန်းသဖြင့်​ ပစ်​စလတ်​ခတ်​ပြုတ်​ကျလာ​သော Chanyeol ​ကြောင့်​ သူဘာမှမစဉ်းနိုင်​ပဲ ​လှေကား​ပေါ်​ပြေးတတ်​ပီး Chanyeol ကို​ပွေ့ဖက်​ကာကွယ်​လိုက်​သည်​...

သူ့ခန္ဓာကိုယ်​အနှံ့ နာကျင်​မှု​တွေ ခံစား​နေရပီး အသိစိတ်​​တွေလွှတ်​မသွားခင်​မှာ သူ ဆု​တောင်းမိသည်​က

"ခ​လေး ဘာမှမဖြစ်​ပါ​စေနဲ့"

******£€®®£$¿¿*********¿$£€©®£¿€©$

"အာ့"

Chanyeol ကုန်းထပီးကြည့်​မိစဉ်

"Hyung"

သွေးတချို့ထိုနားတဝိုက်​မှာ စီးကျ​နေပီး မျက်​လုံး​တွေမှိတ်​​နေ​သော Krisကိုအမြင်​မှာ အာ​ခေါင်​ကွဲမတတ်​သူ​အော်​မိသွားသည်​...

"Hyung hyungထပါ"

သူ အတင်းလှုပ်​နှိုး​နေ​ပေမယ့်​...

"​ဆေးရုံကား​ခေါ် မြန်​မြန်​.."

ဘေးနားမှာဝိုင်းလာ​သော လူ​တွေရယ်​ ကြားထဲမှာ မျက်​ရည်​​ပေါက်​ကြီး​တွေ တလိမ့်​လိမ့်​ကျ​နေ​သော Chanyeol...

Our Relationship Tempat cerita menjadi hidup. Temukan sekarang