Ep....6

5.7K 379 12
                                    


"မင်္ဂလာ ချိန်​နီး​နေပီ Chanyeol ဘယ်​မှာလဲ သား"

"သူ့ဘာသူလာမယ်​ဆိုပီး သားနဲ့မလိုက်​ခဲ့ဘူး​မေ​မေ"

"အခု အချိန်​နီးနေပီ​လေ သွား​ခေါ်မှရမှာ​ပေါ့"

"သားဘာသားသွားလိုက်​မယ်​ ​မေ​မေ"

Kris ရင်​တမမနဲ့လာခဲ့ရသည်​...
Chanyeol အရမ်း​ပြောင်းလဲသွားသည်​...

အထူးသဖြင့်​ သူ့အ​ပေါ်ဆက်​ဆံတာလုံးဝ​ပြောင်းလဲသွားသည်​......

သူ့ကို သိပ်​လဲအ​တွေ့မခံသလို..

သူလဲအနားမကပ်​ရဲ..
မထင်​ရင်​မထင်​သလို ​အော်​ဟစ်​​နေသဖြင့်​ တအိမ်​လုံးအလိုလိုက်​ အ​လျော့​ပေး​နေရသည်​...

Kris Chanyeol များထွက်​​ပြေးသွားမလားဆိုပီး ​ကြောက်​​ကြောက်​လန့်​လန့်​နှင့်​ အခန်းတံခါးဖွင့်​ကြည့်​​တော့ Chanyeol က ညတုန်းကအဝတ်​အစားတိုင်း ခုတင်​​ပေါ်အိပ်​​ပျော်​​နေသည်​....

အိပ်​​ပျော်​​နေ​တော့လဲ အပြစ်​ကင်းစွာ...

ပြောင်းလဲသွား​သော ခ​လေးရဲ့ မျက်​လုံး​တွေမှာ သူ့ကိုမုန်းတီးရိပ်​​တွေရှိ​နေတာကို ဘယ်​လို​ခြေဖျတ်​ပစ်​ရမလဲမသိ...

"Chanyeol ထအုံး"

ပါးပြင်​​လေးကို ခပ်​ဖွဖွပွတ်​ပီး နှိုးလိုက်​​တော့ သူ့ကိုမြင်​တာနဲ့​ပြောင်းလဲသွား​သော မျက်​လုံး​လေး​တွေ​ကြောင့်​ သူရင်​နာသွားမိသည်​...

"ဘာလို့နှိုးတာလဲ ဒီမှာ အိပ်​​နေတာကို"

"မဟုတ်​ဘူး​လေ Yeol ရဲ့ မင်္ဂလာချိန်​နီး​နေပီ​လေ ဒီ​နေ့ ကိုယ်​တို့မင်္ဂလာ​ဆောင်​ရမယ်​​လေ"

"​အော်​ ဟုတ်​သား မ​မေ့ပါဘူး အကျီဝတ်​လို့မရလို့ ပြန်​အိပ်​​နေတာ"

"အကျီဝတ်​လို့မရဘူး ဟုတ်​လား ဘာဖြစ်​လို့လဲ"

Chanyeol က မျက်​နှာ​လေးရှုံ့မဲ့ကာ ပါတ်​တီးစီးထားရဆဲ လက်​​ကောက်​ဝတ်​နှဘက်​ကို အကျီလက်​ရှည်​ကိုဆွဲတင်​ကာပြပီး

"နာလို့ မဝတ်​နိုင်​ဘူး"

"ဟုတ်​လား ထ​နော်​  hyung ဝတ်​​ပေးမယ်​"

Our Relationship Tempat cerita menjadi hidup. Temukan sekarang