Episode__2

6.3K 491 16
                                    


"Hyung ​ကျောင်းလိုက်​ပို့ပါ"

Krisမျက်​​မှောင်​ကြုတ်​ ပီးကြည့်​လိုက်​​တော့ ပြုံး​နေ​သော မျက်​နှာ​လေး မဲ့သွားပီး......
ခေါင်းငုံ့သွားကာ လွယ်​အိတ်​ကြိုးကိုလက်​​ချောင်း​လေး​တွေဖြင့်​ ​ဆော့​နေ​လေသည်​.....

"Taxiစီးမသွားချင်​လို့ပါ"

"..."

"ပါပါးတ်ို့ မာမားတို့က ခရီးသွားမှာတဲ့"

"မပို့နိုင်​ဘူး ​ကျောင်းကနီးနီး​လေးကို ကိုယ့်​ဟာကိုယ်​သွား"

"Hyungကိုလိုက်​ပို့ ​စေချင်​လို့​ပြော​နေတာကို"

"မင်းကို မပို့နိုင်​ဘူးလို့​ပြော​နေတယ်​​လေ"

ရုတ်​တရတ်​ မျက်​ရည်​ဝိုင်းသွား​သော မျက်​ဝန်း​လေး​တွေ...

သူ​ပြောရန်ုပြင်​လိုက်​​ပေမယ့်​ Chanyeolကထွက်​သွား​လေပီ....

ဒီ​ကောင်​​လေးရဲ့ သူ့ကိုစိတ်​ဝင်​စား​နေ​သော မျက်​ဝန်း​တွေကို သူသိပါသည်​ .......
မျက်​နှာသာမ​ပေးချင်​ ​ပေးမိသွားရင်​ ပိုများဆိုးလာ​လေမလား.......

တကယ်​ဆို Chanyeolဟာသူ့ထက်​အများကြီးငယ်​​သော ခ​လေးတ​ယောက်​...
ထို့ပြင်​.ညီရင်း​လေးလို သတ်​မှတ်​ရမည့်​သူ......

Kris Chanyeol.​ကျောင်းသွားပီးမှ ​ကော်​ဖီခွက်​​လေးအခန်းထဲယူလာကာ ​ရေးလက်​စဇာတ်​လမ်း​လေးကို အာရုံစိုက်​လိုက်​သည်​...

"ကျွတ်​"

ဘယ်​လိုမှအာရုံစိုက်​လို့မရ​ပေ...

Screen ​ပေါ်မှာ မဲ့တဲ့တဲ့မျက်​နှာ​လေးတစ်​ခု ဝမ်းနည်း​နေ​သော မျက်​ရည်​စ​လေး​တွေနဲ့ မျက်​ဝန်း​လေး​တွေက ဝဲလည်​​နေသည်​...

"​တောက်​"

နာရီကြည့်​မိရင်းဆုံးဖြတ်​ချက်​ချကာ အဝတိအစားလဲပီး ​ကား​သော့​ကောက်​ကိုင်​ပီးထွက်​လာမိတာ Chanyeolရဲ့​ကျောင်း​ရှေ့မှာ....

ကျောင်းသား​တွေကုန်​သ​လောက်​ရှိ​နေ​သော်​လည်း Chanyeolရဲ့အရိပ်​အ​ယောင်​​တောင်​မ​တွေ့ရ​ပေ...

"ဟို ညီ​လေး Section Bက Park Chanyeolကိုသိလားဟင်​"

ကောင့်​​လေး​ခေါင်းညိမ့်​ပြ​တော့ 

Our Relationship Tempat cerita menjadi hidup. Temukan sekarang