"အသက်က ဘယ်နှစ် , နှစ်လဲ...။
"၁၇နှစိပါ သူဌေး.."
အရက်ကြောင့် အဆီပြန်နေသည့်မျက်နှာကြီးက မျက်ခုံးနှစ်ဖက် မြင့်တက်သွားကာ မျက်လုံးအစုံတောက်ပသွားပုံက တော်တော်ကြည့်ရဆိုးလေသည် ။"သူ့အမေလို လှရဲ့လားကွ .."
"လှလိုက်တာမှ ရွှေသားရုပိသွင်လို့ ပြောရမလား...ကြွေသားရုပ်သွင်လိုပဲ ပြောမလားပဲ...။ထိရက်စရာကိုမရှိပါဘူး..သူဌေးရယ် ကိုယ်လုံးလေးကလည်း ..."
ယောကျာင်္းတွေချည်း ရှိနေတဲ့အခန်းထဲမှာမို့ မိန်းကလေးတယောက်ရဲ့အလှတရားတွေကို ဖော်ကျူးပုံက ရုန့်ရင်းကြမ်းတမ်းသော ဖွဲ့ဆိုမှုတွေနှင့် ...။.ပီးတော့တဝါးဝါး တဟားဟား။" Yixing ....လာခဲ့...ဘာလုပ်နေတာလဲ .."
Yixing ' papa ( Lee Hyung Woo ) ကထိတ်လန့်နေတဲ့ မျက်နှာနဲ့ ရောက်လာပီး Yixingလက်မောင်းကိုဆွဲခေါ်သွား ၏ ။
သူတို့သားဖအတွက် ပေးထားသည့် အရက်ချက်ခန်းနဲ့ အိပ်ခန်းက သိပ်မကျယ်ပါ ...။
ဒါပေမယ့် သားဖ၂ယောက်အတွက်တော့ ချောင်၂ချိ၂ရှိသည် ။
Lee Hyung Wooက Yixing ကို အခန်းထဲခေါ်ခဲ့ပီး တံခါးပိတ်လိုက်လေသည် ။"Yixing ..မင်းအဲ့ဒီနားမှာ ဘာသွားလုပ်တာလဲ ..ပြောစမ်း..."
"အရက်သွားပို့တာ.."
"ငါမရှိဘဲ ....သွားမပို့ရဘူးလို့ပြောထားတယ်လေ.."
"သူတို့က ခုလာပို့ဆိုလို့ သွားပို့တာ "Yixingစကားပြောပုံ..မျက်နှာပုံစံတွေဟာ ဂျစ်ကန်ကနိ..၊ ဒီကလေးမျက်နှာက ဘယ်မှာနေနေ ..ဘယ်သူ့ရှေ့ရောက်ရောက် ဒီအတိုင်းပဲ ရှိဦးမှာမို့ Hyung Woo က သူ့သားYixingကို လုံးဝစိတ်မချပေ ။
"သူဌေး Samကို မင်းကဘာများမှတ်နေလဲ Yixing ..မင်းကခုမှ ၁၃နှစ်ပဲရှိသေးတယ် .."
"အဲ့ဒါ ကျွန်တော်က သူနဲ့အသက်ချင်းတိုင်းနေလို့လား "
"မတိုင်ပေမယ့် မင်းဘာဖြစ်လို့ အကြောက်အလန့်မရှိ အဲ့ဒီနေရာထိ သွားရတာလဲ .."
"အဲ့ဒါက "မင်းကြီးဂေဟာ" လေ အဖေရ ၊ တခန်းနဲ့တခန်း ၊ တစ်နေရာ နဲ့တစ်နေရာ ..."
"မသွားရဘူး ..."မင်းကြီးဂေဟာ "က သူ့အဆောက်အဦး ..ငါတို့ကအလုပ်သမားတန်းလျားမှာ .."
"ခုလည်း သူခေါ်လို့သွားတာ.."
"ကဲ...ထားပါတော့ ကွာ...ခေါ်တဲ့ကိစပီးတော့ မင်းပြန်ခဲ့ပါလား ..ဘာဖြစ်လို့ အပြင်ကနေနားထောင်နေတာလဲ ..."
"ထောင်ချင်စရာ ကောင်းနေလို့ "
"YIXING !!!"
YIXING အဖေက Yixing လက်မောင်းတဖက်ကို ဆတ်ခနဲ ဆောင့်ခါပစ်မိကာ