"ဖြန်း...ဖြန်း.."
"အား!..."
"ဝုန်း...ဒုန်း..."
Yixingခြေလှမ်းတွေ တုံ့သွားသည် ။ တမင်တကာ ဒီအခန်းရှေ့ကနေ ဖြတ်နေခြင်းပင် ။ အခန်းထဲက အသံတွေက ဘယ်လိုမှကြားလို့မကောင်းပါ ။"မင်းက ငါ့ကိုလူယုတ်မာ ဟုတ်လား.....ငါ့ကို ရွံတယ်ပေါ့....ရွံပြမယ်..ထပ်အန်လိုက်စမ်းပါ..ဟိတ် ..မိSu.."
"အား...""မအော်နဲ့ ပါးစပ်ပိတ်ထားစမ်း...၊ငါကို ဘယ်ကောင်မကမှ မလွန်ဆန်ရဲ့ကြဘူး...။ မင်းကြမှ..ဟွနိး...ဒီလောက်လူပါးဝတဲ့ကောင်မ...နင့်အသားကိုငါမထိဘူး ..၊ ငါ့ကိုပဲ နင်ကိုယ်တိုင်ထိရမယ်...လာခဲ့....ထ...ထစမ်း.."
"ဝုန်း!.."
"အား..."
"ဟာကွာ...ကိုင်ပေါက်လိုက်ရရင် သေတော့မယ်...နင့်အဖေနောက်ကိုလိုက်သွားချင်နေတယ်....ဟုတ်လား.."
"ဖြန်း..."
"ဟဲ့ ..အပြင်မှာလူရှိလား တယောက်ဝင်ခဲ့စမ်း...ဒီကောင်မ သတိလစ်သွားပီ...ရေပုံးယူပြီး ..မျက်နှာဆွဲနှစ်စမ်..."
Yixingဘယ်လိုမှ ဒေါသမထိန်းနိုင်တော့ဘဲ အခန်းထဲဝင်ဖို့ ကြိုးစားတော့"ကောင်လေး Yixing.."
အခန်းထဲဝင်သွားတဲ့အိမ်ဖော်မလေးက သူ့လက်ကိုဆွဲကာ ..."သွား...မြန်မြန်သွား....ဒီနားက..ဟဲ့....သွားလေ...Yixing.."
အခန်းထဲကနေ လှစ်ခနဲ ထွက်လာကာ Yixingကို စိုးရိမ်စိတ်နဲ့ ခေါ်သွား၏ ..။
"သွားတော့...Yixing..နင့်ကိုယ်နင် ဘာများမှတ်နေလဲဟင်...မတူရင် မတုရဘူး ၊ မနိုင်မှန်းသိရင် ရှောင်ရမယ် ..သေမယ်မှန်းသိရက်နဲ့ ဇွတ်တိုးဝင်တာ သတ္တိမဟုတ်ဘူး နားမလည်တာ ၊ အဲ့ဒါ မိုက်ရူးရဲဆန်တာ..။.
Yixingကိုဆိတ်ဆွဲပီး မချင့်မရဲ ပြောဆိုနေတာတွေက စေတနာတွေမှန်းသိပါတယ် ။
ဒါပေမယ့် မိန်းခလေးတယောက်ကို စော်ကားဖို့ကြိုးစားနေသည့်ပြင် နှိပ်စက်နေတာကို သူဘယ်လိုမှ ကျော်လွှားမသွားနိုင်ပါ .
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ပစ္စည်းတွေကိုအကြောင်းပြကာ ခုနအခန်းထဲသို့ခြေဦးတည့်လျက် ...