Yixingအဖေက.
"အိမ်ထဲမှာ ဘာတွေဖြစ်နေတာလဲမသိ သား..."
"ခုလေးတင် လူသတ်လိုက်တာ .."
"YIXING!!!!"
"ကျွန်တော်သေချာမြင်လိုက်တယ် ၊ သူတို့ကပဲ သတ်ပြီး သူတို့ပဲ ပြဿနာတတ်နေသေးတာလဲ .."
"အဲ့ဒါ အဖေတို့ကိစမဟုတ်ဘူး Yixing .."
"ဟာ...အဖေ ဒါကတော့ လွန်တာပေါ့ "
"ဘာကွ!..."Yixingဆိုသည့် သူ့ကိုတော့ဘယ်သူ့နှုတ်ဖျားကမှ ချီးမွန်းသံ မထွက်ခဲ့ဘူးတာအမှန်..။
ဒါပေမယ့် Yixingအတွက်ကတော့ ကြွေးတင် ရှင်ဘုရင်ဆပ်ပဲ...။
ဘာတွေဖြစ်လာလာ Yixingအဖေရှင်းပဲ....Yixingကတော့ သူနေတတ်သလို နေမည် ၊ ကိုယ့်အတွေးနဲ့ကိုယ်နေသည် ။"အ!."
"ဟာ.."
Yixingသူ့အခန်းအဝင်ဝမှာ တခါးတစ်ချပ်ကို ၂ယောက်းပူဝင်လိုက်သလိုဖြစ်သွား၏ ။
၂ယောက်လုံးတိုက်မိပီး ဒယိမ်းဒယိုင်တွေ ဖြစ်ကုန်ကာ သူမကပုံခနဲ လဲကျသွားသည် ။
အမှောင်တဝက် ၊ အလင်းတဝက်ဖြစ်နေပေမယ့် နက်မှောင်နေတဲ့ဆံနွယ်ရှည်တို့နဲ့ ရွှေဝါရောင်ဝတ်စုံရယ် ...ဝင်းထိန်နေသော သူမတကိုယ်လုံးကို ထင်းလင်းစွာ မြင်နေရသည် ။
Yixing ပါးစပ်အဟောင်းသားငေးလျက် သူမကိုတအံ့သြစွာ ကြည့်နေမိသည် ။
သူမကအတင်းထကာ တခါးကိုတိုးတိုက်ပြီး ဇွတ်ဝင်သားသည် ၊သူမက သတို့သမီးပဲ...။
သူဌေး Samရဲ့သတို့သမီးကို လိုက်ရှာပေးပါလို့ ခိုင်းထားခဲ့သည်လေ ။ အခုတော့ သူ့အခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ။
အပြင်ကလှုပ်ရှားသံတွေ ဒီဘက်နီးလာသည် ။Yixingလဲ ဘာလုပ်ရမှန်းမသိဘဲ ဟိုကြည့်သည်ကြည့်နဲ့ လည်ချောင်းတွေချက်ချင်းကြီး ခြောက်သွေ့လာသည် ။ ထိုအချိန် သူဌေးတပည့်တယောက်က"Yixing ...မင်းအဖေရှိလား.."
"မရှိဘူး..."
"လာရင်...ငါခြံတောင်ဘက်မှာ...လိုက်ခဲ့လို့"
"ဟုတ်ကဲ့ .."
ကြည့်ရတာ သူတို့တအိမ်လုံးအနှံ့ သတို့သမီးကိုလိုက်ရှာနေပီထင်တယ် ...။Yixingလဲဂရုမစိုက်ဘဲ အခန်းထဲဝင်ပီး နောက်ပြန်တခါးပိတ်လိုက်၏ ။သူဟိုရှာ ဒီရှာနဲ့ ဘယ်လိုမှမတွေ့တော့မှ အိမ်ရာအောက် ၊ စာပွဲအောက်တွေပါ လိုက်ငုံ့ကြည့်မိလျှင်...