တညနေလုံးဆော့ကစားလျှောက်လည်ပီးတော့
ကျွန်တော်နဲ့ခလေး
ဟန်မြစ်ဘေးနားကိုလာခဲ့ကြတယ်
ခလေးထိုင်ချင်တဲ့နေရာလေးမှာထိုင်ပီးလေညှင်းခံခဲ့ကြတယ်။
ကော်ဖီခွက်သေးသေးလေးတယောက်တခွက်နဲ့ပေါ့။
ဟန်မြစ်နားမှာအပန်းလာဖြေတဲ့သူတွေလဲများသား။
မီးရှုးမီးပန်းတွေလဲဖောက်တော့မယ်တဲ့။
ခလေးကတော့အရမ်းပျော်နေတယ်လေ။
မီးရှုးမီးပန်းတွေစလွှတ်ကတည်းကပျော်ရွှင်စွာနဲ့ခုန်ပေါက်နေတဲ့ခလေးလေး။
ညရဲ့ရှုခင်းကလှပါတယ်။
ဒါမဲ့ကျွန်တော့်မျက်လုံးထဲမှာတော့
အမှောင်ကိုခွင်းတဲ့အလင်းနတ်သမီးလေးလိုပါပဲ။လှလိုက်တာခလေးရယ်။ခလေးမတ်တပ်ရပ်ပီး ကောင်းကင်ကညရဲ့အလှကိုကြည့်နေတုန်း
ခလေးရဲ့ခါးသေးသေးကိုဖက်လိုက်ပီး
ခလေးရဲ့ပုခုံးပေါ်ခေါင်းလေးတင်ထားလိုက်မိတယ်။ခလေးကတော့တခ်ခ်နဲ့ပျော်နေရှာပါတယ်။
ခလေးနားနားကပ်ပီးမေးလိုက်မိတယ်။ခလေး
ရှင်
လှလား
လှတယ်
ခလေးကပိုလှတယ်
ဟင်ဘာပြောလိုက်တာလဲကိုကြီး
ဟင်အော် လှတယ်လို့
ကိုကြီး
ဟင်
ခလေးလေ
ကိုကြီးကိုလေ
ပြောစရာရှိတယ်ညရှုခင်းရဲ့အလှမှာခလေးကကျွန်တော့်ရင်ခွင်ထဲကနေမှကျွန်တော်နဲ့မျက်နှာချင်းဆိုင်လိုက်ပီးတော့
ပြောစရာရှိတယ်လို့ပြောနေတဲ့ခလေးလေး
မျက်လုံးဝိုင်းဝိုင်းလေးနဲ့
နှုတ်ခမ်းဖူးဖူးလေးနဲ့စကားပြောဖို့ပြင်နေတဲ့ခလေးရဲ့နှုတ်ခမ်းကို
ကျွန်တော့်လက်နဲ့ကာလိုက်ပီး
ဒီချိန်မှာဘာမှမပြောပါနဲ့ခလေးရယ်။
အလှတရားကိုသာအပြည့်အဝခံစားပါ။"ကိုကြီးလဲခလေးရဲ့အလှတရားကိုမြတ်နိုးတန်ဖိုးထားပီးကြည့်မှာမို့"
စိတ်ထဲမှပြောတာပါ။ဆိုပီး ခလေးရဲ့မျက်နှာကို
ချစ်ရည်ရွှမ်းတဲ့မျက်ဝန်းတစုံနဲ့စိုက်ကြည့်နေခဲ့တယ်။
မျက်တောင်မခတ်ပဲနဲ့ပေါ့။
![](https://img.wattpad.com/cover/66118684-288-k163986.jpg)