ချစ်လိုက်တာ ခလေးရယ်။
ဒါမဲ့ကိုကြီးရဲ့အချစ်ကိုခလေးမမြင်စေရပါဘူး။ကျွန်တော်ပန်းခြံထဲမှာအပင်လေးတွေကိုရေလောင်းနေတဲ့ကျွန်တော့်ရဲ့ခလေးလေးကိုကြည့်နေမိတယ်။ဘေးအိမ်ကကောင်လေးတယောက်ကခလေးကိုစကားလှမ်းပြောနေတယ်။ဘာတွေပြောနေတာလဲဆိုတာကျွန်တော်သိချင်မိတယ်။
ကောင်လေး: ဟိုလေ ကျွန်တော်က မနေ့ကမှအိမ်ပြောင်းလာတဲ့ သူပါ။
ခလေး: ရှင်ဘာပြောလိုက်တာလဲ။
ခလေးကမကြားဘူးထင်ပါတယ်။အင်းပေါ့နားကျပ်ကလေးနားမှာတပ်ပီးပန်းပင်ရေလောင်းနေတာကို။
ကောင်လေး: ဟိုကျွန်တော်က မနေ့ကဘေးအိမ်ကိုပြောင်းလာတဲ့အိမ်သစ်ကလူပါလို့။
ခလေး:အော်ဟုတ်ကဲ့။
ကောင်လေး: ဒီကကောင်မလေးနဲ့ခင်ချင်လို့ပါ။
ခလေး: ခလေးနဲ့ခင်ချင်လို့ ရပါတယ် ခင်တာကတော့
ကောင်လေး: နာမည်ကခလေးတဲ့လား
ချစ်စရာလေးနော်။ခလေး: ကျေးဇူးပါ။
ကျွန်တော်အိမ်ပေါ်ကနေကြည့်နေတာ ခလေးမျက်နှာလေူကပြုံးနေတာပဲ။ကျွန်တော့်နေရာမှာခလေးကိုပျော်အောင်လုပ်နိုင်မဲ့သူနောက်တယောက်ပေါ်လာပီပေါ့။ကျွန်တော်အတ္တမဆန်ချင်ပါဘူး။ခလေးသာပျော်မယ်ဆိုရင်ကျွန်တော်ဘာပဲလုပ်ရလုပ်ရပါ။
ကိုကြီး: ခလေးရေ
ခလေး: ရှင် ကိုကြီး ခလေးလာပီ
ဟိုသွားလိုက်ပါဦးမယ်ရှင့် ခလေးကိုကိုခေါ်နေလို့။ကောင်လေး: ဟုတ်ကဲ့ပါဗျာ။
ကောင်လေး: ကိုယ့်ရဲ့နှလုံးသားတံခါးကိုခေါက်သွားပီလားခလေးရယ်။ချစ်စရာကောင်းလိုက်တာကွာ။
ကိုကြီး: ခလေး
ခလေး: ရှင်
ကိုကြီး: ခလေး ခလေးကို ယောကျာ်းလေးသူငယ်ချင်းမထားနဲ့လို့တော့ကိုကြီးမတားပါဘူး။ဒါပေမယ့် ထားမယ်ဆိုလဲသေချာကြည့်ပေါင်းဖို့ကိုကြီးပြောချင်တယ်။
ခလေး: ဟုတ်ကဲ့ပါကိုကြီး။
ခလေး: ကိုကြီးရယ်ခလေးရင်ထဲမှာကိုကြီးကသာတဦးတည်းသောယောကျာ်းလေးဆိုတာကို ကိုကြီးသိစေချင်တယ်။မျှော်လင့်ခွင့်ရှိတယ်ဆိုရင်ခလေးကိုကြီးရဲ့အချစ်ကိုလိုချင်မိတယ်။