ညလေးဟာသာယာသလောက်ကျွန်တော့်ရင်တွေပူလှပါပီ။
ခလေးရယ်မပြောပါနဲ့နော်။
ခလေးပြောမယ့်စကားတွေကိုနားထောင်နိုင်စွမ်းကိုကြီးမှာမရှိလို့ပါ။
ကိုကြီးရဲ့နှလုံးသားကခလေးအတွက်ဆိုပေမယ့်ခလေးဆီကကြားရမဲ့စကားတခွန်းက
ကိုကြီးရဲ့အသက်ဝိဥာဉ်ကိုပါဆွဲထုတ်ယူငင်နိုင်စွမ်းရှိတာခလေးသိမှသိပါ့မလား?
အိပ်နေပေမယ့်လဲ အိပ်မပျော်ပါ။
အတွေးများက နှိပ်စက်နေပီလေ။
ခလေးနဲ့ကိုကြီး
မတွေ့ရတဲ့နေ့လေးတွေမှာ
ခလေးနဲ့ဟိုကောင်လေးရဲ့ရင်းနှီးမှုအတိုင်းအတာကို ကိုကြီးသိပါတယ်။
ခလေးမသိအောင်ခလေးအနားမှာ
တစုံတယောက်ကိုထားထားလေ့ရှိတယ်။
ကိုကြီးနိုင်ငံခြားခရီးစဉ်တွေသွားနေပေမယ့်လဲ
စိတ်ကတော့ခလေးနားမှာအမြဲရှိနေခဲ့တာပါ။
ဟူးးးးးးးးးးးးး
ငါဘယ်လိုလုပ်ရမလဲ
ခလေးပြောလာမဲ့
ခလေးမှာချစ်ရသူရှိနေပီ
ဆိုတဲ့စကားကို
ကြားနိုင်စွမ်းငါ့မှာမရှိသေးဖူး။
ဒါပေမယ့်လဲ
ခလေးဟာလွတ်လပ်သူတယောက်ပဲ
ငါချုပ်နှောင်ထားတာ
မဖြစ်သင့်ဘူးထင်ပါတယ်။
ကဲကိုကြီးကခွင့်ပြုမလား?
ခလေးကဘာပြောမလဲ?
ဘယ်သူကချစ်တာလဲ?
တိုတယ်ရော်။
