>>အခု ကျွန်တော် တကယ် ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေတယ်<<
ကျောင်းစာကြည့်တိုက်ရဲ့ တနေရာ ....
ကိုယ်စီ ကိုယ်စီ စာကြည့် စာဖတ်နေရမယ့် အစား လူတွေအားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီကျရောက်လို့နေသည်! ဒါ့အပြင်...."သူက ဘာလို့ဒီကိုရောက်နေရတာလည်း?" ဆိုတဲ့ တီတိုးစကားသံများ.....
နေရင်းထိုင်ရင်းကို ကျွန်တော်မျက်နှာတွေပူလာတယ်!
အကြောင်းအရင်းက...သူ....Oh Sehun ....သိပ်ကို စတိုင်ကျပြီး ကြည့်ကောင်းတဲ့ ကောင်ချောလေးပေါ့ ! သူ ကျွန်တော့်ဘေးမှာ ကျောင်းစာအုပ်ကို မျက်မှောင်ကျုပ်ကြည့်ပြီး မှင်သေသေနဲ့ ထိုင်နေတယ်လေ!
"ဒီအပိုင်း ငါ့ကို သင်ပေးအုံး ! အဲ့ဒီ့နေ့က အတန်းမတက်လိုက်ရလို့"
"အ...အဲ...အင်းး"ကျွန်တော် အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလိုက်တယ် ! သူက ပုံမှန်အတိုင်း ပြောဆိုနေပေမယ့် သူဘေးနားမှာ ထိုင်နေတာနဲ့တင် ရဲချင်နေတဲ့ မျက်နှာကို ဘယ်ဖွက်ရမှန်း ကျွန်တော်မသိဘူး!
သူ....Oh Sehun ..... ကျွန်တော် တိတ်တခိုးလေးစားတဲ့ ပုဂ္ဂိုလ်လေးပေါ့!
ဒီဖြစ်စဉ်အစက ကျောင်းရုံးခန်းမှာ အတန်းပိုင်ဆရာက ကျွန်တော်ကို ခေါ်ပြောတာက စတာပဲ!
"အယ်!!!! ကျွန်တော်က!!!! Oh Sehun ကို ဂိုက်လုပ်ပေးရမယ်!!!!"
"အေး သူ့ Attendance သိပ်မကောင်းဘူး ဒီတိုင်းဆို အောင်မှာ မဟုတ်ဖူး ! ဒါကြောင့် ပြန်ဖြေမယ့် စာမေးပွဲမတိုင်ခင် တနေ့ကို တနာရီသူနဲ့ စာလုပ်ပေးလိုက် Baekhyun"
"ဒါ....ဒါပေမယ့် ကျွန်တော် သူနဲ့ တခါမှ စကားမပြောဖူးဘူး!!!"ကျွန်တော် အကြောက်အကန်....အဲ တကယ်တော့ ရင်ခုန်စွာ ငြင်းတယ် ပြောမလား? ဒါပေမယ့်....
"ငါတို့ First year အခန်းထဲမှာအကောင်းဆုံးနဲ့ အဆိုးဆုံးရှိတယ်လေ သိတယ်မဟုတ်လား? သူ့ကို စာကူကျက်ပေးရုံပါကွာ hahaha"

YOU ARE READING
Cupid Cat =ω=
Fanfiction★★Adaptation★★ My fav: manga "Neko Mata" by KAMON Saeko! © to sensei ~ please enjoy >3<