Act 3

3.4K 325 16
                                    

"ကြားပြီးပြီလား? Sehun ​လေ အတန်းပြီးချိန်​ဆို ​ကောင်​မ​လေးတစ်​​ယောက်​နဲ့  တိတ်​တိတ်​ချိန်း​တွေ့​နေတယ်​တဲ့"

"ဟုတ်​တယ်​ လူတိုင်း​ပြော​နေကြတာပဲ​လေ....​ကောင်​မ​လေးက ဘယ်​သူလည်း မသိဘူး​နော်​"

စာကြည့်​တိုက်​ထဲ တိတ်​ဆိတ်​မှုကြားထဲမှာ တီးတိုးစကားသံ​လေး​တွေရှိတယ်​!

"ရှူးးးး တိုးတိုး ဟိုမှာသူလာ​နေပြီ"

တီးတိုးသံ​တွေ တိတ်​သွားတဲ့​နောက်​မှာ Sehunက​တော့ ဘာကိုမှ ဂရုမထားဟန်​နဲ့ စာကြည့်​တိုက်​ထဲ လှမ်းဝင်​လာသည်​!

သူက ​ဘောင်းဘီအိတ်​ထဲ လက်​နှိုက်​ထားရင်း ကျွန်​​တော်​ထိုင်​​နေတဲ့ စားပွဲဆီတန်းတန်းမတ်​မတ်​​လျှောက်​လာတယ်​!

"​မင်း​စောင့်​​နေတာကြာပြီလား?"

"အင်​....ဟင့်​အင်း.... ​အော...ဒီမှာ​နောက်​ထပ်​ note ​တွေ မင်း​ပြောထားတဲ့ ဘာသာသုံးခုအတွက်​"

ကျွန်​​တော်​​ရှေ့ စားပွဲ​ပေါ်က စာအုပ်​ပုံထဲက စာအုပ်​တချို့ဆွဲထုတ်​ပြီး Sehun ကို ကမ်း​ပေးလိုက်​တယ်​!

Sehunက ကျွန်​​တော့်​​ဘေးမှာ ဝင်​ထိုင်​ရင်း ကျွန်​​တော့်​ကို ​သေချာစူးစိုက်​ကြည့်​ပြီး ​မေးသည်​!

"မင်း အဆင်​​ပြေရဲ့လား?"

"ဟင်​....ဘာကိုလည်း?"

ကျောင်းမှာ နာမည်​ကြီးတဲ့ Sehun က​ ​တစ်​​ယောက်​​ယောက်​နဲ့ အိပ်​တယ်​ဆိုတဲ့ ​ကောလဟာလဟာ ​အလျင်​အမြန်​ပဲ ပျံ့နှံ့သွားပြီး အခုဆို လူတိုင်းရဲ့ ပါးစပ်​ဖျားမှာဒီအ​ကြောင်းကို တီးတိုး​ပြော​နေကြတယ်​!

"ကျွန်​​တော့်​ ချစ်​သူ​ကောင်​​လေးလုပ်​ခဲ့တာ" လို့ ကျွန်​​တော်​​ပေးခဲ့တဲ့ ​ဖြေရှင်းမှုဟာ အလိမ်​အညာတစ်​ခုဆိုတာ သိသာ​ပေမယ့်​ Sehun က ဘာမှထပ်​​မ​မေးခဲ့​ပေ !

ကျွန်​​တော်​ကလည်း  မတူညီတဲ့ သူတစ်​​ယောက်​လို​ပြောင်းလဲသွား​လေ့ရှိပြီး Sehun က ကျွန်​​တော့်​ကို ညစဉ်​ ညစဉ်​ ​ထွေး​ပွေ့ခဲ့တယ်​!

Cupid Cat =ω=Where stories live. Discover now