Act 1

7.1K 428 17
                                    

>>အခု ကျွန်​​တော်​ တကယ်​ ဆိုးရွားတဲ့ အ​ခြေအ​နေမှာ ​ရောက်​​နေတယ်​<<

ကျောင်းစာကြည့်​တိုက်​ရဲ့ တ​နေရာ ....

ကိုယ်​စီ ကိုယ်​စီ စာကြည့်​ စာဖတ်​​နေရမယ့်​ အစား လူ​တွေအားလုံးရဲ့ မျက်​လုံး​တွေက ကျွန်​​တော့်​ဆီကျ​ရောက်​လို့​နေသည်​! ဒါ့အပြင်​...."သူက ဘာလို့ဒီကို​ရောက်​​နေရတာလည်း?" ဆိုတဲ့ တီတိုးစကားသံများ.....

နေရင်းထိုင်​ရင်းကို ကျွန်​​တော်​မျက်​နှာ​တွေပူလာတယ်​!

အ​ကြောင်းအရင်းက...သူ....Oh Sehun ....သိပ်​ကို စတိုင်​ကျပြီး ကြည့်​​ကောင်းတဲ့ ​ကောင်​​ချော​လေး​ပေါ့ ! သူ ကျွန်​​တော့်​​ဘေးမှာ ​ကျောင်းစာအုပ်​ကို မျက်​​မှောင်​ကျုပ်​ကြည့်​ပြီး မှင်​​သေ​သေနဲ့ ထိုင်​​နေတယ်​​လေ!

"ဒီအပိုင်း ငါ့ကို သင်​​ပေးအုံး ! အဲ့ဒီ့​နေ့က ​အတန်းမတက်​လိုက်​ရလို့"
"အ...အဲ...အင်းး"

ကျွန်​​တော်​ အထစ်​ထစ်​ အ​ငေါ့​ငေါ့ ပြန်​​ဖြေလိုက်​တယ်​ ! သူက ပုံမှန်​အတိုင်း ​ပြောဆို​နေပေမယ့်​ သူ​ဘေးနားမှာ ထိုင်​​နေတာနဲ့တင်​ ရဲချင်​​နေတဲ့ မျက်​နှာကို ဘယ်​ဖွက်​ရမှန်း ကျွန်​​တော်​မသိဘူး!

သူ....Oh Sehun ..... ကျွန်​​​တော်​ ​တိတ်​တခိုးလေးစားတဲ့ ပုဂ္ဂိုလ်​​လေး​ပေါ့!

ဒီဖြစ်​စဉ်​အစက ​ကျောင်းရုံးခန်းမှာ အတန်းပိုင်​ဆရာက ကျွန်​​တော်​ကို ​ခေါ်​ပြောတာက စတာပဲ!

"အယ်​!!!! ကျွန်​​တော်​က!!!! Oh Sehun ကို ဂိုက်​လုပ်​​ပေးရမယ်​!!!!"
"​အေး သူ့ Attendance သိပ်​မ​ကောင်းဘူး ဒီတိုင်းဆို ​အောင်​မှာ မဟုတ်​ဖူး ! ဒါ​ကြောင့်​ ပြန်​​ဖြေမယ့်​ စာ​မေးပွဲမတိုင်​ခင်​ တ​နေ့ကို တနာရီသူနဲ့ စာလုပ်​​ပေးလိုက်​ Baekhyun"
"ဒါ....ဒါ​ပေမယ့်​ ကျွန်​​တော်​ သူနဲ့ တခါမှ စကားမ​ပြောဖူးဘူး!!!"

ကျွန်​​တော်​ အ​ကြောက်​အကန်​....အဲ တကယ်​​တော့ ရင်​ခုန်​စွာ ငြင်းတယ်​ ​ပြောမလား? ဒါ​ပေမယ့်​....

"ငါတို့ First year အခန်းထဲမှာအ​ကောင်းဆုံးနဲ့ အဆိုးဆုံးရှိတယ်​​လေ သိတယ်​မဟုတ်​လား? သူ့ကို စာကူကျက်​​ပေးရုံပါကွာ hahaha"

Cupid Cat =ω=Dove le storie prendono vita. Scoprilo ora