Act 6 *( Final )*

4.5K 425 14
                                    

ကျွန်​​တော်​တို့ Nekomata ​တွေဆိုတာ မ​သေမျိုး​တွေ​လေ! လူ​တွေကို မိန်း​မော​စေတဲ့ အစွမ်းတခု အသုံးပြုပြီး သူတို့ကို မြူဆွယ်​ပြီး သူတို့နားကပ်​ရင်း သူတို့ရဲ့ ဝိဥာဉ်​ကို စားသုံးတယ်​!

ကျွန်​​တော်​တို့ ဘဝတစ်​​လျှောက်​လုံး ဒီလိုပဲ စားသုံးရင်း ​နေထိုင်​ကြတာ.....

ကျွန်​​တော်​က ကျွန်​​တော်​နဲ့ မျိုးတူ တခြား Nekomata တစ်​​ကောင်​နဲ့ ရန်​ဖြစ်​ပြီး ထိခိုက်​ဒဏ်​ရာရလာခဲ့စဉ်​က​ပေါ့..... ကျွန်​​တော်​တို့က လွယ်​လွယ်​နဲ့ မ​သေ​ပေမယ့်​ ကျွန်​​တော်​ ဒဏ်​ရာ​ကြောင့်​ အလူးအလဲ​တော့ ခံလိုက်​ရတယ်​!

အဲ့သလိုနဲ့ ကျွန်​​တော်​ ဒီ​ကျောင်းကို ​ရောက်​လာတာ​လေ.....

ဒီ​ကျောင်းက ​လူသား​ကောင်​မ​လေး​တွေ ​ချောတယ်​လို့ကြားပြီး သူတို့က အရသာရှိပုံပဲမို့.....

ဒါ​ပေမယ့်​.....

"​အော့.....အရသာဆိုးလိုက်​တာ..."

ကျွန်​​တော်​ ​ခေါင်း​တွေပါမူးလာသလိုမို့ ထိုင်​ချလိုက်​ရတယ်​!

ကျောင်းထဲမှာ ​ကျောင်းသူ​ကောင်​မ​လေး​တွေနဲ့ အ​ရောဝင်​လို့ရ​အောင်​ ​စမတ်​ကျကျ ​ကျောင်းသားအသွင်​ဝတ်​စားထားလို့ ​နေရထိုင်​ရလည်း ကျပ်​​နေတယ်​!

"ငယ်​ငယ်​​ချော​ချော​ကောင်​မ​လေး​ရဲ့ ဝိဥာဉ်​ အဆီအနှစ်​က အရသာရှိတယ်​ ကြားဖူး​တာ အခု​တော့ ​ဆေးရွက်​ကြီး စားရသလိုပဲ ဟင့်​ *sob*"

"ဟို.... အဆင်​​ပြေရဲ့လားဟင်​?"

ရုတ်​တရက်​​ ​နောက်​​ကျောဆီက ကြားရတဲ့ ​ခြေသံတစ်​ခုနဲ့ အတူ ​အ​မေးစကားတစ်​ခွန်း.....

ကျွန်​​တော်​ လှည့်​ကြည့်​​တော့ မျက်​မှန်​ဝိုင်း​လေးနဲ့ ဖြူဖြူလုံးလုံး ​ကောင်​​လေးကို​တွေ့ရတယ်​! သူက စိုးရိမ်​တကြီး ဟန်​နဲ့...

>>ဘာလည်း? ဒီရိုးစင်းစင်း​ကောင်​​လေးက?<<

ကျွန်​​တော်​ ​တွေးရင်း ထရပ်​လိုက်​ပြီး ​ကောင်​​လေးပုခုံးကို ခပ်​ဖွဖွ ဆုတ်​လိုက်​တယ်​!

Cupid Cat =ω=Where stories live. Discover now