ကျွန်တော် Byun Baekhyun....ကျွန်တော့်မှာ ထူးခြားတဲ့ ကျွမ်းကျင်မှုတွေ ကိုယ်ပိုင်အစွမ်းအစတွေ နောက် စိတ်စွမ်းအင်တွေ ဘာတွေ မရှိပါဘူး!
ကျွန်တော် အခန်းထောင့်မှာ ဒူးနှစ်လုံးပိုက်ပြီး အတိတ်တခုက မလွတ်မြောက်နိုင်ဖြစ်နေတယ်!
"Arghhhh~ ငါဒီအခန်းကျဉ်းကျဉ်းကို စိတ်ပျက်လာပြီ"
ဝုန်းကနဲ ထရပ်သံနဲ့ အတူ Kris က ကုတင်ပေါ်တင်ပုလင်ချိတ်ထိုင်ချပြီး သူဆံပင်တွေကို သတ်ခါပြောနေတယ်! ထုံးစံအတိုင်း အကျီတွေ မဝတ်ပဲ ခေါင်းပေါ်က နားရွက်တွေ တဖြတ်ဖြတ်ခတ်ပြီး အမြီး တလှုပ်လှုပ်နဲ့ ပေါ့!
"ငါ့ကို ဆက်မွေးထားမယ်ဆိုရင် အိမ်ခန်းကောင်းကောင်းတော့ရှာကွာ ငါဒီမှာ အိပ်ရတာ စိတ်ပျက်နေပြီ"
Kris....သူက ကျွန်တော်ရဲ့ကြောင်လေး...မနေ့ကမတိုင်ခင်အထိတော့ သူက ကျွန်တော့်ရဲ့ တဦးတည်းသော သူငယ်ချင်း .... အင်း အဲ့လိုထင်ရတာပဲ!
မနေ့က Kris လူပုံပြောင်းသွားတာကို ကျွန်တော် အသေအချာ မြင်လိုက်ရတယ်! သူကျွန်တော့်ကို နမ်းလိုက်ပြီးတဲ့ နောက်မှာ ကျွန်တော်ဟာ တခြားသူတစ်ယောက်လို လုံးဝပြောင်းလည်းသွားတော့တာပဲ!
နောက်ဆုံး ကျွန်တော် ... ကျွန်တော်ကြိုက်ကြွေနေတဲ့ Sehun shii နဲ့ ဟိုကိစ္စတွေလုပ်မိသည် အထိဖြစ်တော့တာပဲ!
ဟို....ဟိုကိစ္စ..
အတွေးထဲ ပြန်မြင်ယောင်မိတဲ့ မနေ့က ပုံရိပ်တခုချင်းစီကြောင့် ကျွန်တော် တကိုယ်လုံး ပူထူလို့လာတယ်!
"Kris!!!! မင်း ဘာလုပ်လိုက်တာလည်း ပြောစမ်းပါ"
ကျွန်တော် Kris ကို အတင်းမေးနေမိသည်! အဖြေကသူ့ဆီမှာ ရှိတာ အသေအချာပဲ!
Kris က ကုတင်ပေါ်မှာထိုင်ရင်း ပြုံးနေတယ် !
"ငါမင်းကို မိန်းမောပြီး စိတ်ကြွလာအောင် မန္တာန်လုပ်လိုက်တာ! ဘယ်လိုလည်း? ကောင်းတယ်မဟုတ်လား? မင်းကိုယ်မှာတွေ့နေရတဲ့ ဟောဒီ့ အချစ်ရဲ့ သင်္ကေတ အမှတ်အသားလေးတွေက သက်သေပြနေတယ် hahaha"
![](https://img.wattpad.com/cover/72330152-288-k548836.jpg)
STAI LEGGENDO
Cupid Cat =ω=
Fanfiction★★Adaptation★★ My fav: manga "Neko Mata" by KAMON Saeko! © to sensei ~ please enjoy >3<