"Sehun မင်း မနက်ဖြန် ပြန်ဖြေစာမေးပွဲဖြေရတော့မှာဆို ဟုတ်တယ်မဟုတ်လား? ကြိုးစားနေရမှာပေါ့"
"ဒါနဲ့ မင်းအကြောင်း ကောလဟာလကိုရော မင်းကြားပြီးပြီလား? အတန်းချိန်ပြီး အခန်းထဲကောင်မလေးတစ်ယောက်နဲ့ ဟိုလိုဒီလို...."
"ဟိတ်ကောင် မင်းလျှောက်မပြောဘူးလို့ပြောထားတယ်မဟုတ်လား????"
ကျောင်းခန်းဆီလာတဲ့ လမ်းတလျှောက် Sehunကို ဘေးက သူငယ်ချင်းနှစ်ယောက်က ပေါက်ပေါက်ဖောက်စကားတွေ စနောက်လို့နေသည်! Sehun ကတော့ ထုံးစံအတိုင်း ခပ်တည်တည်နှင့်ပင် !
အတန်းရှေ့အရောက် Sehun ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားတယ်! နောက်ကပါလာတဲ့ နှစ်ယောက် Sehun ကို ဝင်မိတိုက်ကုန်လေသည်!
"ဟိတ်ကောင် ရုတ်တရက်ကြီး မပြောမဆို မရပ်လိုက်နဲ့လေကွာ"
အခန်းရှေ့မှာ ထုံးစံအတိုင်း Baekhyunတစ်ယောက် ဝင်မလို ထွက်မလို လုပ်နေလေသည်!
Sehun ကို မြင်တော့ ဖြတ်ခနဲခေါင်းငုံ့သွားပြီး ကျောခိုင်းလှည့်ထွက်သွားတယ်!
Baekhyun ရဲ့ကျောပြင်ကို လှမ်းကြည့်ရင်း Sehun လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားမိတယ်!
🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
ကျွန်တော် Sehun ကို စာသင်ပေးတာ ပြီးသွားတဲ့ အချိန်ကစပြီး ကျွန်တော်ရဲ့ ပုံမှန်အချိန်တွေကို ပြန်ရောက်လာခဲ့တယ်!
"ဟင် အိပ်ပလားကွ Baekhyun ရ ! ကိုးနာရီပဲရှိသေးတယ်"
ကုတင်ပေါ်ကျောပေးလှဲအိပ်နေတဲ့ Baekhyunကို ကြည့်ပြီး Kris က အမြီးတလှုပ်လှုပ်နဲ့ ပြောနေတယ်!
"မင်း Sehunကို သွားမတွေ့တော့ဘူးလား?"
" သူသိသွားရင် ဘာဖြစ်မှာ မို့လည်း? သူက မင်းလို့ ထင်နေပြီးသားကို .... သူသိတယ် ဒါပေမယ့် ဘာမှပြောဘူး ဒါသူလည်း ဒီလိုလုပ်ချင်လို့ပဲ မဟုတ်ဖူးလား?"
ESTÁS LEYENDO
Cupid Cat =ω=
Fanfic★★Adaptation★★ My fav: manga "Neko Mata" by KAMON Saeko! © to sensei ~ please enjoy >3<