#2

1.2K 121 13
                                    

ဒီ​နေ့ မိုး​ထပ်​ရွာတယ်​...

မိုးဖွဲဖွဲကို ​ငေး​နေတဲ့ ကျွန်​​တော့်် ညာဘက်​မှာ ​အေးစက်​​နေတဲ့ ​ကော်​ဖီတစ်​ခွက်​ရှိတယ်။ ဖတ်​လက်​စ wuthering heights က​တော့ ဘယ်​ဘက်​မှာ ​လှဲ​လျောင်းရင်း ကျွန်​​တော့်​ကို အ​ဖော်​ပြု​နေရဲ့.... သီချင်းသံ​တွေက​တော့ ဘယ်​ညာနှစ်​ဖက်​လုံးက​နေ ကျွန်​​တော့်​ကို ​ဖျော်​​ဖြေ​နေတယ်​။ မိုးမသည်း​ပေမဲ့ မိုးရွာချိန်​ ကြာလာတာမို့ ဝရန်​တာရဲ့လက်​ရန်း​တွေမှာ မိုး​ပေါက်​​တွေ​ စွန်းထင်းကုန်​တယ်​။

ခဏကြာ​တော့ ကျွန်​​တော်​ အလိုလို လသာ​​ဆောင်လက်​ရန်းနား ​လျှောက်​သွားရင်း အပြင်​ဘက်​ကို လက်​ဆန့်​ထုတ်​မိလျက်​သား... လက်​ခုပ်​ထဲက ​ရေ​တွေကိုကြည့်​ရင်း "သူ့"ကို ​ရေနဲ့ပက်​ခဲ့ဖူးတဲ့အ​ကြောင်း သတိရလာတယ်​။ ဒါ​ပေမဲ့ အဲ့ဒီ့အဖြစ်​အပျက်​​တွေက ကျွန်​​တော့်​​ခေါင်းထဲ အပြည့်​အစုံ မဝင်​လာခဲ့ဘူး။

ဟုတ်​သားပဲ... အဲ့ဒီ့အ​ကြောင်း​တွေကို လွန်​ခဲ့တဲ့နှစ်​ရက်​က ကျွန်​​တော်​ ​မေ့ပစ်​ခဲ့တယ်​မလား...

ရေ​တွေကို လက်​​ပေါ်က ခါချပစ်​​နေတုန်း ​ကျော​နောက်​က လ​သာ​ဆောင်​တံခါး ပွင့်​လာခဲ့တယ်​။ ကျွန်​​တော့်​ညီမ ​ရောက်​လာတာပါ။

"​အဘွားက အိမ်​ထဲမဝင်​​သေးဘူးလား.... ခေါက်​ဆွဲပြုတ်​စားမလား... တဲ့"

"စားမယ်​... ဒါ​ပေမဲ့ ​ခေါက်​ဆွဲဘူးထဲ ​ရေ​နွေးပဲ​ဖျောခဲ့"

ခေါင်းညိတ်​ပြီး ထွက်​သွား​ပေမဲ့ သူ​တော်​​တော်​​တော့ ​ကြောင်​​တောင်​​တောင်​ ​ဖြစ်​သွားလိမ့်​မယ်။

ကျွန်​​တော်​ ခုနက​ နေရာမှာ ပြန်​ထိုင်​​နေရင်း ​ကျောင်း​တော်​ကြီးကို သတိရလာမိပြန်​တယ်​။

ကျွန်​​တော်​တို့ရဲ့ ​ကျောင်း​တော်​ကြီး....

------

ကျွန်​​တော်​တို့​ကျောင်းက ဆရာ​ကောင်း တပည့်*အဟမ်း*​ကောင်း​တွေ ရှိ​ပေမဲ့ ​ခေါက်​ဆွဲပြုတ်​နဲ့ အ​အေးကလွဲရင်​ ဘာမှမရှိသ​လောက်​ပဲ... ဒီ​တော့လည်း ​ကျောင်းသူ​ကျောင်းသားအ​ပေါင်းက ဗိုက်​ပြည့်​တဲ့ ​ခေါက်​ဆွဲပြုတ်​ကိုပဲ ​ဆံပင်​အကျွတ်​ခံပြီး အား​ပေးကြ​လေသတည်း​ပေါ့...

Let Him GoWhere stories live. Discover now