#1

1.7K 153 6
                                    

ကျွန်​​တော်​ ဒီ​နေ့ အဲ့ဒီ့​ shopping centre ကို​ရောက်​ခဲ့တယ်​။ တစ်​​ခေါက်​​ရောက်​ခဲ့တုန်းက ​ခြေတိုမတတ်​ ​လျှောက်​သွား​နေခဲ့ဖူးတဲ့ သူ့ကို မျက်​စိ​ဒေါက်​​ထောက်​ ​ကြည့်​​နေခဲ့ဖူးတာမို့ ​နေရာတိုင်းမှာ သူ့အရိပ်​​တွေချည်းပဲ...

ဒီ​နေရာက တကယ့်​ကို အမှတ်​တရပါ။
အချင်းချင်းကြည့်​ရုံကလွဲလို့ ​ပြောစရာစကား ရှားပါးလွန်းခဲ့​ပေမဲ့ ဒီ​​နေရာမှာ​တော့ ​ဘေးတ​စောင်းထိုးကျလာတဲ့ ည​နေခင်း​နေ​ရောင်​ခြည်​ကို ​ရှောင်​ရင်း ကျွန်​​တော်​နဲ့သူနဲ့ ​ဘေးချင်းကပ်​ထိုင်​လို့ ​ရောက်​တတ်​ရာရာ​တွေ ​ပြောခဲ့ဖူးတယ်​​လေ...

မှတ်​မိပါ​သေးတယ်​။ အဲ့ဒီ့ည​နေက သူ့ထုံးစံအတိုင်း ဝတ်​ထားတဲ့ အင်္ကျီအဖြူလက်​ရှည်​က ကြယ်​သီးဖြုတ်​လို့... ဆံပင်​ကလည်း လက်​နဲ့ထိုးဖွထားတာမို့ ဖရိုဖရဲရယ်​။ ဒါ​ပေမဲ့ သူ့အပြုံး​ဘေးက ပါးချိုင့်​​​ခွက်​ခွက်​​ကြောင့်​ သူ့မျက်​နှာဆီက အကြည့်​မလွှဲနိုင်​ခဲ့တာကို ကျွန်​​တော်​ မှတ်​မိ​သေးတယ်​။

မဟုတ်​ဘူး... မဆုံနိုင်​ဘူး... အိမ်နားက လမ်း​တွေကို​တောင်​ မသိဘူးဆိုတဲ့ အပြင်​ကို ​ခြေတစ်​လှမ်းမလှမ်းတဲ့ ​ကျွန်​​တော့်​ရဲ့ ​နေမထိ​လေမထိ မင်းသား​လေးက ဒီကို ​ရောက်​လာမှာ မဟုတ်​ဘူး။

ကျွန်​​​တော်​ ရယ်​လိုက်​မိတယ်​။ ဒီ​ကောင်​ အခုချိန်​ဆို အိမ်​မှာထိုင်​ပြီး ဂိမ်း​ဆော့​နေမှာ​ပေါ့...

သိလျက်​နဲ့​တောင်​ ကျွန်​​တော်​ ဟိုဟိုဒီဒီ ကျီးကန်း​တောင်း​မှောက်​ ရှာကြည့်​​နေတုန်းပဲ... ကျွန်​​တော်​ သူနဲ့​နောက်​ဆုံး​တွေ့ရတဲ့​နေ့က သူပါသွားတဲ့ အိမ်​ကားကိုများ တစ်​စွန်းတစ်​စ​လောက်​ ​တွေ့ရမလားလို့ပါ... ကားနံပါတ်​​တောင်​ မမှတ်​မိလိုက်​တဲ့ ကျွန်​​တော်​ သိပ်​ညံ့တယ်​မလား။

ကျွန်​​တော်​ ​ခေါင်းအသာခါရင်း ကိုယ့်​ဘာသာ တရားချ​နေမိတယ်​။ သူ့ကို​တွေ့ပါပြီတဲ့ ဘာလုပ်​မလဲ... သူ့အနား​ရောက်​ရင်​ အသက်​ရှူကြပ်​လာသလိုလို ပန်းနာထချင်​လာသလိုလို ဖြစ်​လာတတ်​မှန်း ကိုယ့်​ကိုယ်​ကိုသိ​နေရက်​နဲ့.. သူ့​တွေ့​လည်း ​အံ့ဩတကြီးနဲ့ နေရာမှာ​ကျောက်​ရုပ်​ဖြစ်​ရုံကလွဲလို့ ကျွန်​​တော်​ ဘာမှလုပ်​လို့ရမှာမှမဟုတ်​ပဲ...

Let Him GoWhere stories live. Discover now