နံရံပေါ်ကပြက္ခဒိန်ကိုကြည့်လိုက်တော့ October 15 . 9 လနီးပါးလောက်ပဲ. သူတို့
ပြောသလိုပဲ ကျွန်တော်က Coma နဲ့ 9 လနီးပါး
လောက်အိပ်ရာထဲလှဲနေခဲ့ရတာ . ဒီ 9 လအတွင်းဖြစ်ခဲ့တာတွေကော … အရင်တုန်းက
ဖြစ်ခဲ့တာတွေကော … ကျွန်တော့မှတ်ဥာဏ်ထဲ
မှာ သဲလွန်စ ဆိုတာတောင်ကျွန်တော် မမှတ်မိ .
ကျွန်တော့မှတ်ဥာဏ်တွေထဲမှာတော့ ဟာလာဟင်းကြီးနဲ့တစ်ခုမှအစဖော်မရ ။ကျွန်တော့ကိုယ်ကျွန်တော်တောင် Oh Sehun
ဆိုတာ ကျွန်တော့ Omma ဆိုသူကပြောမှ
ကျွန်တော်သိရတာ … တကယ်လို့ ကျွန်တော်
သာမှတ်ဥာဏ်တွေပြန်မရခဲ့ရင် … ကျွန်တော့
ဘဝက အမှောင်ထုထဲနေနေရသလိုဖြစ်သွားရ
မှာ ။အတွေးတွေကိုရပ်လိုက်ရင်း မျက်စိရှေ့က ဖုန်း
ဆီကို ကျွန်တော်အာရုံပြန်ရောက်သွားတယ်…
လောလောဆယ်တော့ ဒီဖုန်းထဲက Voicemail
တွေကိုနားထောင်ကြည့်ရမှာကို ကျွန်တော့စိတ်
ထဲတာဝန်တစ်ခုလိုခံစားမိနေတယ် ။ချက်ချင်းပဲလက်က မတုံ့မဆိုင်းပဲ ပထမဆုံး
voicemail လေးကိုဖွင့်လိုက်တော့တယ် ။Voicemail / Dec 21 8:30 Pm , 2013 /
" Hun! Lu ပါ"
ရွှင်မြူးမြူးလေသံနဲ့တေခစ်ခစ်ရယ်နေတဲ့
ကောင်လေးတစ်ယောက်ရဲ့
အသံကကျွန်တော့ကိုနှုတ်ဆက်နေတယ်"Party မလာသေးဘူးလား ! ဒီမှာ Kris hyungတို့Chanyeol တို့တောင်ရောက်နေပြီ
… မြန်မြန်လာခဲ့"Party ? ကျွန်တော်က Partyကိုဖိတ်ခံထားရတယ်ပေါ့ … ကျွန်တော်
မျက်မှောင်ကြုတ်လိုက်ရင်းနောက်ထပ်
voicemail ကိုကြည့်လိုက်ပြန်တော့လည်း
တူညီသောသူတစ်ယောက်ဆီက … သေချာတာ
ကတော့ voicemail တွေအကုန်လုံးက သူ့ကိုယ်သူ Lu ဟုဆိုသောကောင်လေးဆီက
ချည်းပါပဲ× × × × ×

YOU ARE READING
101 Voicemails || Hunhan ||
FanfictionI was lost and couldn't find the way . I lost my memory , my past , my present and may be even my future . The worst thing is I lost myself . There's nothing more complicated than the fact that you don't even know who you are . But i found the clues...